Connect with us

Asia

ပါကစ္စတန်ရေပိုင်နက်အတွင်း အိန္ဒိယ ရေငုပ်သင်္ဘော မဝင်ရောက်ခဲ့ကြောင်း အိန္ဒိယငြင်းဆို

ပါကစ္စတန်နိုင်ငံက ထောက်လှမ်းတွေ့ရှိခဲ့သည့် အိန္ဒိယရေငုပ်သင်္ဘောအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မတ် ၆ ရက် (ဆင်ဟွာ)

ပါကစ္စတန်ရေပိုင်နက်အတွင်းသို့ အိန္ဒိယရေငုပ်သင်္ဘောတစ်စီး ဝင်ရောက်ရန် ကြိုးစားခဲ့သည်ဟူသော သတင်းမှာ သတင်းမှားဖြစ်သည်ဟု အိန္ဒိယနိုင်ငံက ငြင်းဆိုခဲ့ကြောင်း ကာကွယ်ရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင်ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဖော်ပြထားသလို အိန္ဒိယနိုင်ငံသည် အမျိုးသားရေကြောင်းအကျိုးစီးပွားကို ကာကွယ်ရန်တွက် လိုအပ်ပါက ရေတပ်အင်အား ဖြန့်ကျက်ထားမည်ဖြစ်ကြောင်း အိန္ဒိယရေတပ်က ထုတ်ပြန်ခဲ့သည်။

ပါကစ္စတန်နိုင်ငံက ၎င်းက ရေပိုင်နက်အတွင်းသို့ အိန္ဒိယရေငုပ်သင်္ဘော တစ်စင်း ဝင်ရောက်ရန် ကြိုးပမ်းနေကြောင်း ဗွီဒီယိုဖိုင်တစ်ခုအား ထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ အိန္ဒိယရေတပ်၏ ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံ စစ်တပ်၏ မီဒီယာတစ်ခုဖြစ်သော ပြည်သူ့ဆက်ဆံရေးဝန်ဆောင်မှု (ISPR) က အာရေဗီယန်းပင်လယ်အတွင်းရှိ ပါကစ္စတန်ရေပိုင်နက်အတွင်းသို့ အိန္ဒိယရေငုပ်သင်္ဘောတစ်စင်း ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြောင်း၊ သို့သော် ပါကစ္စတန်ရေတပ် တပ်ဖွဲ့ဝင်များက ၎င်း၏ တည်နေရာကို ရှာဖွေတွေ့ရှိပြီး အိန္ဒိယရေပိုင်နက်အတွင်းသို့ ပြန်လည်ဆုတ်ခွာသွားရန် အတင်းအကျပ်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံအတွင်း အိန္ဒိယနိုင်ငံက လေကြောင်းပျံသန်းမှုတစ်ခု ပြုလုပ်ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံအကြား တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.