Connect with us

Asia

ဖိလစ်ပိုင်တောင်ပိုင်းတွင် အင်အား ၅.၅ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ရှိ Surigao de Sur ပြည်နယ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ မတ် ၆ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း တွင် မတ် ၆ ရက် နံနက်ပိုင်းက အင်အား ၅.၅ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင် နှင့် ငလျင်ဌာန (Phivoics) ကပြောကြားခဲ့သည်။

ဌာနက ရေအောက်၌ လှုပ်ခတ်ခဲ့သော ယင်းငလျင်သည် ဒေသစံတော်ချိန် နံနက် ၈း၁၂နာရီ တွင် မင်ဒါနာအိုကျွန်း Surigao de Sur ပြည်နယ် အရှေ့မြောက်ဘက် ၁၀၂ကီလိုမီတာ ခန့်ရှိ မြေအောက်အနက် ၁၄ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ငလျင်လှုပ်ခတ်မှုကို Surigao de Sur ပြည်နယ် Bislig မြို့ နှင့် Davao del Sur ပြည်နယ် Davao မြို့မှလည်း ခံစားခဲ့ရကြောင်း သိရသည်။

ဌာနက ငလျင်ကြောင်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နိုင်ခြင်းမရှိသော်လည်း နောက်ဆက်တွဲ ငလျင်များ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.