Connect with us

Asia

ပါကစ္စတန်နိုင်ငံ တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်း နှိမ်နင်းမှုတွင် လက်နက်ကိုင် ၄၄ ဦး အား ဖမ်းဆီးရမိ

လေ့ကျင့်ရေးများလုပ်ဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ မတ် ၆ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံတွင် တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းကို နှိမ်နင်းလျက်ရာ လက်နက်ကိုင် ၄၄ ဦး အား ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Shehryar Afridiက မတ်လ ၅ ရက်တွင် ပြောကြားခဲ့ သည်။

မတ်လ ၄ ရက်က စတင်သည့် ယခုတစ်ကြိမ်လှုပ်ရှားမှုမှာ ရက်သတ္တပတ် နှစ်ပတ်ကြာမည်ဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပိတ်ဆို့ထားသည့် တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းများကို အဓိက ပစ်မှတ်ထားခြင်းဖြစ်ကြောင်း Shehryar Afridiက မတ်လ ၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယခုလှုပ်ရှားမှုမှာ ပါကစ္စတန်အစိုးရ၏ဆုံးဖြတ်ချက်ဖြစ်ပြီး ပြည်ပဖိအားများနှင့် မသက်ဆိုင်ကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံအနေဖြင့် အကြမ်းဖက်ဝါဒနှင့်အစွန်းရောက်ဝါဒကို တိုက်ဖျက်သည့် ပေါ်လစီမှာ ရှင်းလင်းခိုင်မာကြောင်း ၊ နိုင်ငံနယ်နိမိတ်အတွင်း တရားမဝင်လှုပ်ရှားမှုပြုမည့်သူမှန်သမျှကို ခွင့်ပြုမည်မဟုတ်ကြောင်း Shehryar Afridiက ပြောကြားခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက တရားမဝင် လက်နက်ကိုင်အဖွဲ့အစည်းနှင့်လူပုဂ္ဂိုလ်များအပေါ် ဆောင်ရွက်သည့်ပိတ်ဆို့မှုများကို လုပ်ဆောင်ရန် အစိုးရက အမိန့်ကြေညာချက်ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ မတ်လ ၄ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင်ဖော်ပြထားသည်ဟု ဒေသခံမီဒီယာများ၏သတင်းများအရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.