Connect with us

Europe

ချက်သမ္မတနိုင်ငံတွင် ရထားတိုက်မှုကြောင့် လူ ၂၁ ဦးဒဏ်ရာရ

ရထားနှစ်စင်းခေါင်းချင်းတိုက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပရက်ဂ်၊ မတ် ၆ ရက် (ဆင်ဟွာ)

ချက်သမ္မတနိုင်ငံ အရှေ့တောင်ပိုင်း Brno မြို့ရှိ ဘူတာရုံတွင် မတ်လ ၅ ရက်နံနက်ပိုင်းက ရထားတိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရသူများအနက် ၁၁ ဦးကို ဆေးရုံသို့ခေါ်ဆောင်ခဲ့ပြီး အခြားသူများမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း Radio Prague အဆိုအရ သိရသည်။

အဆိုပါ ခေါင်းချင်းဆိုင်တိုက်မိသည့် ရထားများပေါ်မှ လူ ၂၅၀ အား အရေးပေါ်အလုပ်သမားများက ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာအား လုံခြုံရေးစည်းတားထားလိုက်ကြောင်း၊ ရထားတိုက်ရခြင်း အကြောင်းရင်းအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.