ရာဘက်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ နှင့် ဆီးရီးယားနိုင်ငံ တွင် ပဋိပက္ခများဖြစ်ပွားခဲ့စဉ်ကတည်းက အရှေ့အလယ်ပိုင်းဒေသရှိ အကြမ်းဖက်အုပ်စုများအတွင်းသို့ ဝင်ရောက်လာသည့် မော်ရိုကိုနိုင်ငံသား အကြမ်းဖက်သမား ၁,၆၆၄ဦး ရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာက စက်တင်ဘာ ၅ ရက်တွင်ဖော်ပြခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ဒဏ်ရာရရှိထားသော ARSA အစွန်းရောက် အကြမ်းဖက်သမားများသည် တစ်ဖက်နိုင်ငံရှိ စစ်တကောင်း ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
အစ္စတန်ဘူလ်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံတစ်ဝန်း အစ်ပွဲတော်ကာလ ၁၀ရက်တာ အမျိုးသားပိတ်ရက်အတွင်း ယာဉ်မတော်တဆမှုများ ကြောင့် စုစုပေါင်း လူ ၁၂၂ဦး သေဆုံးခဲ့ကြောင်း တူရကီပြည်ထဲရေးဝန်ကြီးဋ္ဌာနက စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်းရှိ ရှေးဟောင်း အဆောက်အအုံများ၏ စုစုပေါင်းအရေအတွက်မှာ ၃၈၂၂ ခု ဖြစ်ကြောင်း ၊အဆိုပါ စာရင်းသည် ရှေးဟောင်း သုတေသန၊အမျိုးသားပြတိုက်ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဗိသုကာအသင်းတို့က ကောက်ယူထားသော ဘုရားအရေ အတွက်ပြစာရင်းဖြစ်ကြောင်း မြန်မာနိုင်ငံဗိသုကာအသင်း၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောဒေသတွင် နေထိုင်သူများသည် အကြမ်းဖက်မှုလုပ်ရပ်များကြောင့် နေရပ်စွန့်ခွာ၍ နယ်စပ် ဧရိယာ အပါအဝင် လုံခြုံရာ နေရာများတွင် ခိုလှုံနေထိုင်ရလျက်ရှိရာ စက်တင်ဘာ ၄ ရက် အထိ နေရပ် စွန့်ခွာ တိမ်းရှောင် ရသူ တိုင်းရင်းသား ၂၆၇၄၇...
ရှမိန် ၊ တရုတ် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က အမေရိကန်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး တင်းမာနေသည့် အခိုက်အတန့်အတွင်း ရုရှားနိုင်ငံ၌ အနာဂတ်တွင် အမေရိကန်သံတမန် အရေအတွက်ကို ဖြတ်တောက်ပစ်မည်ဟု စက်တင်ဘာလ ၅ ရက်တွင် ခြိမ်းခြောက်ပြောကြားလိုက်သည်။
ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်များနှင့် ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တူရကီသမ္မတ တေယစ် အာဒိုဂန် စက်တင်ဘာ ၅ ရက်နေ့ မွန်းလွဲ ၂နာရီက ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) မရမ်းကုန်းမြို့နယ်ရှိ Farmer Money Changer တွင် လုယက်ရန်ကြံရွယ်၍ သေနတ်ဖြင့် ပစ်ဖောက်ထွက်ပြေးသူ ၂ ဦးနှင့် သေနတ်ယူဆောင်ရောင်းချပေးသူ ၂ ဦးတို့အား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရက် ၃၀ အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးတွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရှမိန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) ၉ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် ခေါင်းဆောင်များအကြား နိုင်ငံတကာ အခြေအနေ၊ ကမ္ဘာ အုပ်ချုပ်ရေးနှင့် BRICS ပူးပေါင်းဆောင်ရွက်မှု စသည် အရေးကိစ္စများ၌ သဘောတူညီချက်များစွာ ရရှိခဲ့ကြောင်း စက်တင်ဘာလ ၃ ရက်မှ ၅ ရက်အထိ...