Connect with us

Education & Health

နိုင်ငံ တစ်ဝန်း ဝက်သက် ရောဂါ ဖြစ်ပွားမှု ယခုနှစ် အတွင်း ၁,၃၀၀ ဦးခန့်ရှိ

ဝက်သက် ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုအား တွေ့ ရစဉ်(ဓာတ်ပုံ - Ministry of Health and Sports, Myanmar )

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ)

နိုင်ငံတစ်ဝန်းတွင် ဝက်သက် ရောဂါ ဖြစ်ပွားမှုနှုန်းမှာ ပြန်လည် မြင့်တက် လာခဲ့ရာ ယခုနှစ် ဖေဖော်ဝါရီ လလယ် အထိ စာရင်းများ အရ ၁,၃၀၀ ဦးခန့်ရှိပြီး ဝက်သက်ရောဂါ ဖြစ်ပွားမှု နောက်ဆက်တွဲ ဆိုးကျိုး များကြောင့် ကလေးငယ် တစ်ဦး သေဆုံးမှု ရှိခဲ့ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဗဟို တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်း ဌာနခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ အောင်နိုင်ဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် မန္တလေးတိုင်းဒေသကြီးမှ အသက် ၅ နှစ်အောက် ကလေးငယ် တစ်ဦးသည် ဝက်သက် ရောဂါ ဖြစ်ပွားပြီး နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ဦးဏှောက် အမြှေးယောင် ရောဂါဖြင့် သေဆုံးခဲ့မှု ရှိကြောင်း သိရသည်။

“ဝက်သက်ကြောင့်လို့တိုက်ရိုက်တော့ မဟုတ်ပါဘူး။ဝက်သက် ဖြစ်ပြီးတဲ့ အခါမှာ သေသေချာချာ ဆေးရုံ ၊ ဆေးခန်းကို မသွားတာပေါ့။ဝက်သက်မှန်းလဲ မသိဘဲနဲ့နည်းနည်း ကြာသွားတဲ့ အခါမှာ ဝက်သက် ရောဂါ ရဲ့နောက်ဆက်တွဲ ဆိုးကျိုး အရ ဦးဏှောက် အမြှေးယောင် ဖြစ်ပြီး ဆုံးသွားတာပါ။”ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောကြားခဲ့သည်။

ဝက်သက် ရောဂါ ဖြစ်ပွားမှု အခြေအနေမှာ ၂၀၁၈ ခုနှစ်တွင် ၁,၂၇၆ ဦး ရှိခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလလယ်ပိုင်း အထိ ဖြစ်ပွားမှုမှာ ၁၃၀၀ ဦးခန့်ရှိကြောင်း သိရသည်။

ထို့အတူ ဝက်သက် ရောဂါ ဖြစ်ပွားမှုနှုန်း ထက်ဝက်ကျော်မှာ ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်နေကြောင်း သိရသည်။

“အကြမ်းအားဖြင့် ပြောရင်တော့ ရန်ကုန်တိုင်းမှာ ဆေးမထိုးရတဲ့သူတွေ များလို့ပေါ့။ရန်ကုန်တိုင်းမှာက အဓိက လှိုင်သာယာ ၊ ရွှေပြည်သာ ၊ ဒဂုံ(ဆိပ်ကမ်း) ၊ တောင်ဒဂုံ တို့လို နေရာမျိုး ၊ စက်မှုဇုန်တွေ ၊ လူဦးရေ မငြိမ်မသက်ပေါ့။ တနည်းအားဖြင့်တော့ ရွှေ့ပြောင်း နေထိုင်တဲ့ လူဦးရေ အများစု ရှိတဲ့ နေရာမျိုးတွေမှာ ကာကွယ်ဆေး လွှမ်းခြုံမှုက အားနည်းတာ အမှန်ပဲ။”ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောကြားခဲ့သည်။

ယခု ဖြစ်ပွားသူ အားလုံး၏ ၉၅ ရာခိုင်နှုန်းမှာ ရောဂါ ကာကွယ်ဆေး မထိုးထားသော သူများ ဖြစ်သည့် အတွက် အကြမ်းဖျဉ်း အားဖြင့် ကာကွယ်ဆေး မထိုးသည့် သူများတွင် ကူးစက်ခံရသည်ဟု ကောက်ချက် ဆွဲ၍ ရကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ယခုအခါတွင် ဝက်သက် ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် လတ်တလော ဝက်သက်ရောဂါ အဖြစ် များသည့် မြို့နယ်များတွင် ဝက်သက် ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုဝက်သက် ရောဂါ ကာကွယ်ဆေးထိုးနှံမှု အခြေအနေမှာ ဖေဖော်ဝါရီ ၂၄ ရက် အထိ ၇၀ ရာခိုင်နှုန်းကျော် ထိုးနှံနိုင်ခဲ့ပြီး ဖြစ်၍ ထိရောက် အောင်မြင်မှု ရှိသည်ဟု ပြော၍ ရနိုင်ကြောင်း ဒေါက်တာ အောင်နိုင်ဦးက ထည့်သွင်း ပြောကြားခဲ့သည်။

ဝက်သက် ရောဂါသည် ပုံမှန်အားဖြင့် ရောဂါ ဖြစ်ရုံမျှနှင့် မသေဆုံးနိုင်ဘဲ ကိုယ်ခံအား စနစ်တို့အပေါ်တွင် များစွာ မူတည်ကြောင်း ၊ ကလေးငယ်များ နှင့် ခုခံအား စနစ် အားနည်းနေသူများတွင် ကူးစက်ခံရပါက ဖြစ်နိုင်ချေ များကြောင်း ၊ ရောဂါ ဖြစ်ပွားပါက ပေါ့ဆ မနေဘဲ နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်းတို့တွင် ပြသ၍ တိုင်ပင် ကုသသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြည်သူများ အနေဖြင့် ဝက်သက်ရောဂါ နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများကို မဖြစ်မနေ ထိုးနှံကြရန် ဒေါက်တာ အောင်နိုင်ဦးက အကြံပြု တိုက်တွန်းခဲ့သည်။

ဝက်သက်ရောဂါသည် ဝက်သက်ဗိုင်းရပ်စ်ပိုး (Measles Virus) ကြောင့် ဖြစ်ပွားကာ ကာကွယ်ဆေး မထိုးထားသူများ အားလုံး ကူးစက်နိုင်ကြောင်း သိရပြီး ရောဂါဖြစ်ပွားနေသူ ချောင်းဆိုး နှာချေ ခြင်းဖြင့် ဝက်သက်ဗိုင်းရပ်စ်ပိုးသည် လေထဲသို့ ရောက်ရှိကာ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အခြားသူများသို့ ကူးစက်ခံရနိုင်ကြောင်း သိရသည်။

ဝက်သက်ရောဂါ၏ ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် ပြင်းထန်စွာအဆုတ်ရောင်ခြင်း ၊ ရေဓာတ်ဆုံးရှုံးမှု ပြင်းထန်သည့် ဝမ်းလျှောခြင်း ၊ နားအလယ်ခန်းရောင်ခြင်း ၊ အမြင်အာရုံဆုံးရှုံးခြင်း ၊ ဦးနှောက် ရောင်ခြင်းတို့ ဖြစ်ပေါ် နိုင်သည့် အတွက် ကျေးလက်ကျန်းမာရေးဌာန၊ ဒေသန္တရ ၊ မြို့မ ၊ မိခင်ကလေး ကျန်းမာရေး ဌာနများ နှင့် မြို့နယ်ဆေးရုံ ၊ ခုတင် ၁ဝဝ နှင့် အထက် ဆေးရုံကြီးများ တွင် အပတ်စဉ် ဖွင့်လှစ် ထားသော ကာကွယ်ဆေးထိုး စုရပ်များတွင် ကာကွယ်ဆေး သွားရောက် ထိုးနှံကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တိုက်တွန်း နှိုးဆော်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117