ရှန်ဟိုင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) BRICS New Development Bank (NDB) ရုံးချုပ်၏ အမြဲတမ်းအဆောက်အအုံ အား စက်တင်ဘာ ၂ ရက်တွင် ရှန်ဟိုင်းကုန်စည်ပန်းခြံ ၌ စတင်ဆောက်လုပ်ခဲ့ပြီး Huangpu မြစ်တစ်လျှောက် အထင်ကရ အဆောက်အဦတစ်ခု ဖြစ်လာမည်ဟု ခန့်မှန်းရကြောင်း သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်မြို့၊ တောင်ရပ်ကွက်ရှိ ကားလမ်းပေါ်၌ စက်တင်ဘာ ၂ ရက်တွင် လက်လုပ် အသံမိုင်း ၁ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်နှင့်အဆောက်အဦများ ထိခိုက်မှု မရှိကြောင်း တပ်မတော် ကာကွယ်ရေး...
နယူးဒေလီ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ က တရုတ်နိုင်ငံ ရှမိန်မြို့တွင် စက်တင်ဘာ ၃ မှ ၅ရက်အထိကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေး ၌ အကျိုးဖြစ်ထွန်းမှုရှိသော အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ပါကြောင်း စက်တင်ဘာ ၂ ရက်က...
မက္ကဆီကို စီးတီး၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) အုပ်စုကြီးတစ်ခုအဖြစ် BRICS အဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာ့လုံးဆိုင်ရာ အုပ်ချုပ်မှုစနစ် ပိုမိုဟန်ချက်ညီစေရန် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း မက္ကဆီကိုနိုင်ငံသမ္မတ Enrique Pena Nieto ကပြောကြားခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) ရာသီတုပ်ကွေးရောဂါ(H1N1)ဖြစ်ပွားမှုကြောင့် ပိုးတွေ့လူနာ ၃၆၉ ဦးရှိပြီး စုစုပေါင်း ၃၆ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာ ၂ ရက်အထိ ထုတ်ပြန်မှုများ အရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) စစ်တောင်းမြစ် နှင့် ငဝန်မြစ်ရေများ မြင့်တက်လျက်ရှိသည့်အတွက် မဒေါက်မြို့၊ ငါးသိုင်းချောင်းမြို့နှင့် သာပေါင်းမြို့နယ်များ အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတိပေးချက်ထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ယူ-၁၈ ဘောလုံးချန်ပီယံရှစ်ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏ အားကစားကွင်းနှင့် အောင်ဆန်း အားကစားကွင်းတို့၌ စက်တင်ဘာလ ၄ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ကာဂျစ္စတန် လက်ရွေးစင် အသင်းနှင့် လာမည့် စက်တင်ဘာလ (၅)ရက်နေ့ မြန်မာစံတော်ချိန်ည(၈း၃၀)နာရီ ဘစ်ရှက်ခ်မြို့ ဒိုလန် အူမာဇာကောဗ့်ကွင်းတွင် အာရှဖလား ခြေစစ်ပွဲစဉ်အား ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ပဲစင်းငုံနှင့်မတ်ပဲတို့အား လက်ရှိဖြစ်ပေါ် နေသည့် ဈေးအောက်ထပ်မံ မနိမ့်ကျစေ ရန် ရည်ရွယ်၍ သတ်မှတ်ဈေးတစ်ခုထား ရှိဝယ်ယူနိုင်ရေး ပုဂ္ဂလိကလုပ်ငန်းရှင်များ ဘက်မှ လှည့်ပတ်ရန်ပုံငွေကျပ် ၅ဝ ဘီလီယံကိုလည်းကောင်း၊ အစိုးရဘက်မှ ငွေကျပ် ၅ဝ ဘီလီယံကို လည်းကောင်း စုစုပေါင်း ငွေကျပ်...
ပေကျင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) BRICS အဖွဲ့ဝင်နိုင်ငံများက တည်ထောင်ထားသည့် ဘက်စုံပါဝင်သော ဘဏ္ဍာရေး အဖွဲ့တစ်ခုဖြစ်သော New Development Bank (NDB) သည် ယခုနှစ်အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံအထိ ချေးပေးနိုင်ရန် မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံမှ တာဝန်ရှိသူ တစ်ဦးက...