Connect with us

Politics

မြန်မာ နိုင်ငံ ၏ ရခိုင် ပြည်နယ် အရေး ဖြေရှင်းရန် အတွက် တရုတ် နိုင်ငံ မှ အကြံပြုချက် ၃ ချက် အဆိုပြု

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က ရခိုင်အရေးနှင့် ပတ်သက်၍ ပြောကြား နေစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ သို့ အလည်အပတ်ခရီးရောက်ရှိနေသည့် တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က နိုဝင်ဘာ ၁၉ ရက်နေ့၌ သတင်းမီဒီယာ များနှင့် တွေ့ဆုံရာတွင် တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ရခိုင်အရေး ဖြေရှင်းရန် အတွက် အကြံပြုချက် ၃ ချက်ကို ပြောကြား ခဲ့သည်။

ဝမ်ရိ က ရခိုင်ပြည်နယ် အရေး ဖြေရှင်းရန် အတွက် ပထမ အချက် အနေဖြင့် အပစ်အခတ်ရပ်စဲရေး ကို အကောင်အထည် ဖော်ပြီး တည်ငြိမ်အေးချမ်းမှု ရရှိရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ သို့မှသာ ပြည်သူလူထု များအနေဖြင့် တည်ငြိမ်အေးချမ်းမှု ကိုရရှိပြီး နေအိမ်စွန့်ခွာခြင်း ကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ယင်းပထမ အချက် ကို အကောင်အထည် ဖော်နိုင်ခဲ့ပြီးဖြစ်ကာ ပြန်လည် မဖြစ်ပွားရန် ကို ထိန်းသိမ်းရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဒုတိယ အချက်အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း မှ မြန်မာ နိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အကြား အနီးကပ် ဆွေးနွေးမှု ထားရှိခြင်းကို ထောက်ခံအားပေးရမည်ဖြစ်ပြီး ချစ်ကြည်ညီမျှသည့် ညှိနှိုင်းဆွေးနွေးမှုဖြင့် ဖြေရှင်းမှု နည်းလမ်း အမြန်ဆုံး ရရှိရန် ထောက်ခံအားပေးရမည် ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် နှစ်နိုင်ငံ အနေဖြင့် ဒုက္ခသည် များ ပြန်လည် လက်ခံခြင်းနှင့် ပတ်သက်၍ ကနဦး သဘောတူညီမှု ရရှိပြီးဖြစ်ကာ သဘောတူညီမှု စာချုပ်အမြန်ဆုံးချုပ်ဆိုကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း ပြောကြား ခဲ့သည်။

တတိယ အချက်အနေဖြင့် ဝမ်ရိ က ပြဿနာ ဖြစ်ပွားသည့် အဓိက အရင်းအမြစ် ကို ရှာဖွေရမည် ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု သည် မတည်ငြိမ်မှု ဖြစ်ပွားစေသည့် အဓိက အကြောင်းအရင်း ဖြစ်ကြောင်း ၊ ရခိုင်ပြည်နယ် သည် သယံဇာတ ပေါများသည့် ဒေသ တစ်ခု ဖြစ်ပြီး ဖွံ့ဖြိုးမှု နောက်ကျနေသဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း မှ ယင်းဒေသအတွင်းရှိ ပြည်သူများ ဆင်းရဲနွမ်းပါးမှု ပပျောက်စေရန် အတွက် ထောက်ခံကူညီမှု နှင့် ရင်းနှီးမြှုပ်နှံမှု များ ကို ပိုမို ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အကြား ဆွေးနွေးညှိနှိုင်းမှု ဖြင့် ရခိုင်အရေး ဖြေရှင်းရန် ကို အမြဲအကြံပြုခဲ့ကြောင်း ၊ တရုတ် နိုင်ငံ မှ အကြံပြုခဲ့သည့် အချက် ၃ ချက်သည်လည်း နှစ်နိုင်ငံ လုံး၏ ထောက်ခံမှု ကိုရရှိခဲ့ပြီး ဖြစ်သောကြောင့် အခြားနိုင်ငံများ၏ နားလည်ထောက်ခံမှု ရရှိရန် ကိုလည်း မျှော်လင့်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍ ရခိုင်အရေး ဖြေရှင်းရန် အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍတွင် ပါဝင်သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.