Connect with us

Social

Oversea ဆွေမျိုးပေါက်ဖော်များ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြရန် မန္တလေး မြို့တော်ဝန် ပြောကြား

မန္တလေးမြို့  မြို့ တော်ဝန် ဒေါက်တာရဲလွင်က အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မန္တလေး၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် မကာအိုတွင် ကျင်းပမည့် မြန်မာနိုင်ငံဖွား တရုတ်နိုင်ငံသားများ ပြန်လည်တွေ့ဆုံပွဲ၌ ဆွေမျိုး ပေါက်ဖော်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်ကြရေး ဆုံးဖြတ်ချက်ချမှတ်ရန် တောင်းဆို ပါကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က Oversea တရုတ်လူမျိုးများ နဝမ အကြိမ်မြောက် ပြန်လည်တွေ့ဆုံပွဲ ပိတ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

“အခု ပွဲတော်က အောင်မြင်တဲ့ ပွဲတော် ဖြစ်သလို စည်းလုံးခြင်းကို ဖော်ပြတဲ့ ပွဲတော်လည်း ဖြစ်ပါတယ် ၂၀၁၉ ခုနှစ် မကာအိုမှာ ကျင်းပမယ့် ဒသမအကြိမ်မြောက် ပွဲတော်မှာ ပြန်လည် ဆုံကြမယ်လို့ သိရပါ တယ် အဲဒီအတွက်လည်း မကာအိုရောက် မြန်မာပြည်ဖွား ဆွေမျိုးပေါက်ဖော်တွေအနေနဲ့ လှိုက် လှိုက် လှဲလှဲ ကြိုဆိုပြီးတော့ အသင်းအဖွဲ့တွေအချင်းချင်း ချိတ်ဆက်နိုင်ဖို့၊ နောက်တစ်ဆင့်အနေနဲ့ မြန်မာနိုင်ငံမှာ Investment လုပ်လာဖို့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ကျွန်တော် တောင်းဆိုပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

မန္တလေးတိုင်း မြန်မာ – တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဌ ဦးကျော်ဝင်း က အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ထို့အပြင် ၎င်းက “အခု ပွဲတော်ရဲ့ ခေါင်းစဉ်မှာ … ‘ဇာတိမြေကို ကျေးဇူးဆပ်ဖို့ ပြန်လာပြီ’ … ဆိုတဲ့ စာသားလေး ဖတ်လိုက်ရချိန်မှာ တော်တော်လေး ကြည်နူးသွားပါတယ်၊ အားတက်သွားပါတယ်၊ နိုင်ငံတကာရဲ့ Investment ဝင်လာဖို့ ဖိတ်ခေါ်တဲ့ အချိန် ကြိုးစားနေတဲ့ အချိန်မှာပဲ ရခိုင် အရေး အခင်းက ဖြစ်သွားတယ် ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ oversea ဆွေမျိူးပေါက်ဖော်တွေ အနေနဲ့ ဒီအချိန် မဟုတ်တောင်မှ နောင်လာမယ့် တစ်နှစ် နှစ်နှစ် အတွင်းမှာ မြန်မာပြည်မှာ လာပြီးတော့ ရင်းနှီး မြှုပ်နှံကြမယ် လူ့စွမ်းအား အရင်းအမြစ်တွေ ပံ့ပိုးပေး မယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်က ငြိမ်းချမ်းရေး ရပြီးတဲ့အချိန်မှာတော့ တရုတ်နိုင်ငံလို နံပါတ်(၁) မဖြစ်ရင်တောင်မှ အရှေ့တောင် အာရှမှာ Top Five ထဲမှာ ပါဖို့ မျှော်လင့်ထားပါတယ်” ဟုလည်း ပြောခဲ့သည်။

ကြင်းတော်ယန် ပရဟိတ အသင်းချုပ် ဒုတိယ ဥက္ကဌ ဦးဖြူဝင်း အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ဒသမ အကြိမ်မြောက် ပင်လယ်ရပ်ခြား ပေါက်ဖော်သွေးချင်းများ ပြန်လည် တွေ့ဆုံပွဲ ဦးစီး ကျင်းပခွင့် ရသည့် မြန်မာနိုင်ငံဖွား မကာအို Oversea Chinese အသင်း ဥက္ကဌ မစ္စတာ ကွမ်းချုံးချင်းက အမှာ စကား ပြောကြားစဉ် (ဆင်ဟွာ)

ကမ္ဘာလုံး လွှဲပြောင်း အပ်နှင်းသည့် အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

ကမ္ဘာလုံး လွှဲပြောင်း အပ်နှင်းသည့် အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

ကမ္ဘာလုံး လွှဲပြောင်း အပ်နှင်းသည့် အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

ကမ္ဘာလုံး လွှဲပြောင်း အပ်နှင်းသည့် အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

အဆိုပါ မြန်မာပြည်ဖွား Oversea Chinese ဆွေမျိုး ပေါက်ဖော်များ တွေ့ဆုံပွဲတော်၏ ပိတ်ပွဲနှင့် ၂၀၁၉ တွင် မြန်မာပြည်ဖွား Oversea Chinese ဆွေမျိုး ပေါက်ဖော်များ ဒသမအကြိမ်မြောက် တွေ့ဆုံပွဲတော် ကျင်းပခွင့်ရသည့် မကာအို အဖွဲ့အား ကမ္ဘာလုံး လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားသို့ မန္တလေး မြို့တော်ဝန်နှင့်အတူ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အဖွဲ့ဝင်များ၊ မန္တလေး အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်နှင့် အဖွဲ့ဝင်များ၊ တရုတ် – မြန်မာ ချစ်ကြည်ရေး အသင်း အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး မန္တလေးမြို့ မြို့တော်ဝန် ဒေါက်တာ ရဲလွင်က အမှာစကား ပြောကြား အပြီးတွင် မန္တလေးတိုင်း မြန်မာ – တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဌ ဦးကျော်ဝင်း၊ ကြင်းတော်ယန် ပရဟိတ အသင်းချုပ် ဒုတိယ ဥက္ကဌ ဦးဖြူဝင်း၊ ဒသမ အကြိမ်မြောက် ပင်လယ်ရပ်ခြား ပေါက်ဖော်သွေးချင်းများ ပြန်လည် တွေ့ဆုံပွဲ ဦးစီး ကျင်းပခွင့် ရသည့် မြန်မာနိုင်ငံဖွား မကာအို Oversea Chinese အသင်း ဥက္ကဌ မစ္စတာ ကွမ်းချုံးချင်း တို့က အမှာစကားများ အသီးသီး ပြေကြားခဲ့ကြကာ ကမ္ဘာလုံး လွှဲပြောင်း အပ်နှင်းသည့် အခမ်းအနားကို ဆက်လက် ကျင်းပခဲ့ကြသည်။ထို့နောက် မြန်မာ – တရုတ် ချစ်ကြည်ရေး သမိုင်း သက်သေဖြစ်သည့် ပျူခေတ်နှင့် ထန်မင်းဆက် ခေတ်အတွင်း ယဉ်ကျေးမှုချင်း ဖလှယ်ခဲ့သည့် “ပေါက်ဖော် သံယောဇဉ်” အမည်ရှိ အကများ တေးဂီတများဖြင့် တင်ဆက် ကပြခဲ့ကြသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117