နေပြည်တော်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး ၅၄ ရက်တာ ကာလတွင် ဥပဒေကြမ်း ၃၃ ခုတို့ကို ဆွေးနွေး ဆောင်ရွက်ခဲ့ရာ၌ ၁၆ ခုကို အတည်ပြုနိုင်ခဲ့သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နာယက သူရဦးတင်ဦးသည် ယနေ့ သြဂုတ်လ ၃၁ ရက်နေ့၌ ဆေးကုသမှုခံနေသော ရန်ကုန်အပြည်ပြည်ဆိုင်ရာဆေးရုံမှ ကျန်းမာစွာဖြင့် ဆေးရုံဆင်းပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
နေပြည်တော်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအတွင်း သစ်ထုတ်လုပ်မှုအပေါ် မှီခိုမှုအား လျှော့ချနိုင်ရေးအတွက် ဝါးနှင့် ကြိမ် သယံဇာတများ ထုတ်လုပ် အသုံးပြုခြင်း ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်း၊ သိပ္ပံဆိုင်ရာ သုတေသန လုပ်ငန်းများအား အားပေး မြှင့်တင်ခြင်း စသည့် နယ်ပယ်များတွင် သယံဇာတနှင့် သဘာ၀...
နယူးဒေလီ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ စီးပွားရေးမြို့တော် မွမ်ဘိုင်းတွင် သြဂုတ်လ ၃၁ ရက်က ငါးထပ် အဆောက်အဦ တစ်လုံးပြိုကျခဲ့ရာ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ပေကျင်း၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ၂၀၁၇ခုနှစ် သြဂုတ်လကုန်ပိုင်းလောက်ထိ တရုတ်တပ်မတော်၌ အမှုထမ်းရန် စာရင်းပေးသွင်းခဲ့သည့် တရုတ်ကောလိပ်ကျောင်းသား ၁.၀၈သန်းကျော်ရှိခဲ့ပြီး ယခင်နှစ်ထက် ၅.၅၈ရာခိုင်နှုန်း များပြားလာခဲ့ကြောင်း ပညာရေးဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက သြဂုတ် ၃၀ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းဖြစ်ပွားနေသော အကြမ်းဖက်မှုများသည် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာသဖြင့် ထိရောက်စွာဖြေရှင်းဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ဘရာဆီးလီးယား၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ဆာပေါ်လိုပြည်နယ် ရှိ ကာဗယ်လိုပင်တိုအဝေးပြေးလမ်းမ တစ်လျှောက်တွင် သြဂုတ် ၃၀ရက် က ကား ၃၆စီး ဆင့်ကဲတိုက်မိမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂ဦး သေဆုံးခဲ့ပြီး အခြားလူ ၂၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်၊ ဒုဋ္ဌဝတီမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ ငဝန်မြစ်၊ တိုးမြစ် တို့ မြစ်ရေများမြင့်တက်နေသည့်အတွက် မြစ်ကြောင်းတလျောက်ရှိ စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့များနှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များ၏ မြစ်ရေအခြေအနေများကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဂျီနီဗာ ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ လူအခွင့်အရေး ကောင်စီ အဆင့်မြင့် အရာရှိ Zeid Hussein က အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် ၏ အမေရိကန် နိုင်ငံ မီဒီယာ များအပေါ် ဝေဖန်တိုက်ခိုက်သည့် ပြောဆိုမှု များသည်...
ရန်ကုန် ၊ သြဂုတ် ၃၁ ရက်(ဆင်ဟွာ) ၂၉ ကြိမ်မြောက် အရှေ ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေ ၊ ငွေ နှင့် ကြေး စုစုပေါင်း ဆုတံဆိပ် ၃၇ ခုဖြင့် နိုင်ငံအလိုက် ရပ်တည်မှု အဆင့် ၇...