Connect with us

Politics, Law & Military

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သူများကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူ

မသင်္ကာသူများအား ဖမ်းဆီးရမိရာပြ မြေပုံအား တွေ့ရစဉ်(ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်သူများအား အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၇ ၊ နံနက် ၄ နာရီ မှစတင်၍ ဟာဘီ ကျေးရွာအုပ်စု၊ ဟာဘီအနောက်ရွာ၊ ဟာဘီအလယ်ရွာ နှင့် ဟာဘီအရှေ့ရွာတို့အတွင်း ရှောင်တခင် စစ်ဆေးစဉ် မသင်္ကာသူ ၃၈ ဦးအား တွေ့ရှိသဖြင့် ခေါ်ယူမေးမြန်းစစ်ဆေးခဲ့ပြီး စစ်ဆေးချက်အရ ဩဂုတ် ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ၁၉ ဦးအား ပြင်ဖြူနယ်မြေစခန်း၌ ၂၀၁၇ ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)(ဈ) ဖြင့် အမှုဖွင့် အရေးယူကြောင်း သိရသည်။

ကျန်မသင်္ကာသူ ၁၉ ဦးအား ဆက်လက်စစ်ဆေးခဲ့ရာ အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သဖြင့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)(ဈ) ဖြင့် ထပ်မံ အမှုဖွင့် အရေးယူကြောင်း သိရသည်။

မောင်တောမြို့နယ် ဂေါ်ဒူသာရ အနောက်ရွာ နှင့် ဂေါ်ဒူသာရ ချောင်းဝကြားအနီးရှိ ပုဇွန်ကန်များတွင် အကြမ်းဖက်သမားများ၊ တရားခံပြေးများ ခိုအောင်းနေကြာင်း သတင်းအရ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းမှ ညနေပိုင်းအထိ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ဒုညောင်ပင်ကြီးကျေးရွာနေ မသင်္ကာသူ ၂၀ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စစ်ဆေးဆောင်ရွက် နေမှု သတင်းအား နိုဝင်ဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့ပြီး အဆိုပါ မသင်္ကာသူ ၂၀ ဦးအား စစ်ဆေးမေးမြန်းရာ အကြမ်းဖျက်တိုက်ခိုက်မှုတွင် ပါဝင်သဖြင့် ၄ ဦးအား အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်အရေးယူ ထားကာ ကျန် ၁၆ ဦးအား ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.