Connect with us

Politics, Law & Military

လှိုင်သီရိအိမ်ရာ၌ သုံးလောင်းပြိုင်လူသတ်မှု တရားခံ သုံးနာရီအတွင်း ဖမ်းမိ

သုံးလောင်းပြိုင်သတ်ခံရသော လှိုင်သီရိအိမ်ရာရှိ နေအိမ်အားတွေ့ရစဉ်(ဓာတ်ပုံ-Yangon Police)

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

လှိုင်မြို့နယ်၊ (၉)ရပ်ကွက်ရှိ လှိုင်သီရိအိမ်ရာတွင်ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင်လူသတ်မှု တရားခံအား သုံးနာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထုတ်ပြန်သော သတင်းအရ သိရသည်။

လှိုင်သီရိအိမ်ရာ၊ တိုက်(၃)ရှိ အခန်းတစ်ခန်း၌ အပြင်ဘက်မှအခန်းတံခါး သော့ခတ်ပိတ်ထားပြီး လှေကားထိပ်တွင် အပုပ်နံ့ ထွက်နေသည့် အဝါရောင်အရည်များကျဆင်းနေကြောင်း တွေ့ရှိရသဖြင့် အနီးတိုက်ခန်းနေသူမှ ရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ရာ တာဝန်ရှိသူများရောက်ရှိလာပြီး နေအိမ်တွင်း ဝင်ရောက်ရာတွင် နေအိမ်အတွင်း တိုက်ခန်းကြမ်းပြင်ပေါ်တွင် မကေသီလှိုင် (၄၀)နှစ်နှင့် ၎င်း၏သမီးဖြစ်သူ မသာယာထွန်း၊ (၉)နှစ်တို့မှာ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေရပြီး အိပ်ခန်းအဝင် ဝတွင် အလုပ်သမားဖြစ်သူ မအေးမာဦး၊ (၂၅)နှစ်မှာလည်း ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် လှိုင်မြို့မရဲစခန်း(ပ)၁၁၂၆/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂/၃၉၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်ပြီး အခင်းဖြစ်ရပ်တွင် စစ်ဆေးတွေ့ရှိသော သက်သေခံ ပစ္စည်းများအား သိမ်းဆည်းခြင်း၊ လက်ဗွေမှတ်တမ်းရယူ ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အမှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ စုံစမ်းခဲ့ရာသေဆုံးသူ မကေသီလှိုင်အလုပ်လုပ်သည့် စားသောက်ဆိုင်မှ ဝန်ထမ်းဖြစ်သူ ဇွဲလင်းထက်၏လက်တွင် ဓားဒဏ်ရာများရရှိထားကြောင်းသတင်းရရှိသဖြင့် အတည်ပြုနိုင်ရေးအတွက် ဇွဲလင်းထက်အားဖြန့်ကျက်ရှာဖွေခဲ့ရာ ၎င်းနေထိုင်သည့် ရွှေပြည်သာမြို့နယ်ရှိ နေအိမ်တွင်တွေ့ရှိပြီး ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်း တရားခံ ဇွဲလင်းထက်သည် နိုဝင်ဘာ ၉ ရက်နေ့ နံနက်စောစောတွင် ဆိုင်မန်နေဂျာဖြစ်သူ

မကေသီလှိုင်၏ နေအိမ်တိုက်ခန်းသို့ ရောက်ရှိလာပြီး လစာတိုးပေး ရန်ကိစ္စ ပြောဆိုရာ မကေသီလှိုင်က လစာတိုးမပေးနိုင်သေးကြောင်းပြောဆိုခဲ့ရာမှ တစ်ယောက်တစ်ခွန်း စကားများ ကြပြီး ခိုက်ရန်ဖြစ်ပွားကာ နေအိမ်ရှိ အမျိုးသမီးနှစ်ဦးနှင့် ကလေးတစ်ဦးအား သတ်ပစ်မှုဖြစ်ပွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

တရားခံသည် ငွေကျပ်(၄)သိန်း၊ရွှေထည်ပစ္စည်းများ၊ လက်တော့၊ လက်ကိုင်တယ်လီဖုန်းနှင့် မော်တော်ကားသော့ယူ ဆောင်ကာ နေအိမ်တံခါးကို အပြင်မှသော့ခတ်ခဲ့ကြောင်း၊ ၎င်းနောက် အောက်ထပ်သို့ဆင်းလာခဲ့ပြီးမကေသီလှိုင် စီးနင်းအသုံးပြုသည့် မော်တော်ယာဉ်အမှတ် 1J—-Wish

အမျိုးအစားမော်တော်ယာဉ်ကို မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း စစ်ဆေးရမိခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ ဇွဲလင်းထက်သည် ယူဆောင်သွားသော ကားကို သူငယ်ချင်းဖြစ်သူထံထားရှိပြီး ရွှေထည်ပစ္စည်းများအား ဇနီးဖြစ်သူနှင့် မိခင်ဖြစ်သူထံတွင် အပ်နှံထားကြောင်း စစ်ဆေးရမိသဖြင့် သက်သေခံ ရွှေထည်ပစ္စည်းများနှင့် ကားကို ပြန်လည်သိမ်းဆည်းထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.