ရန်ကုန် ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ) တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရာသီတုပ်ကွေး ရောဂါ(Influenza A(H1N1)pdm09) ဖြစ်ပွားမှုတွင် ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၁၉ ရက် အထိ ဓာတ်ခွဲ အတည်ပြုချက် အရ ဖြစ်ပွားသူ ဦးရေမှာ ၂၈၈ ဦး ရှိပြီး...
ရန်ကုန် ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတော် အစိုးရနှင့် ကမ္ဘာ့ဘဏ် တို့သည် စီးပွားရေး တည်ငြိမ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ခံနိုင်ရည် ရှိမှု အတွက် ပထမဦးဆုံးအကြိမ် အဖြစ် အမေရိကန်ဒေါ်လာသန်း ၂၀၀ ပမာဏ ရှိ သည့် ဖွံ့ ဖြိုးရေး မူဝါဒ လုပ်ငန်းစဉ်...
ပရီတိုးရီးယား ၊ သြဂုတ် ၂ဝ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ အဆင့်မြင့်ပညာရေးနှင့်လေ့ကျင့်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mduduzi Manana သည် ပြီးခဲ့သော ရက်သတ္တပတ်က ဂျိုဟန်နစ္စဘတ်မြို့ရှိ နိုက်ကလပ်တစ်ခု၌ အမျိုးသမီးတစ်ဦးအား ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် သြဂုတ်လ ၁၉ ရက်တွင် ရာထူးမှ နုတ်ထွက်လိုက်ရသည်။
အူထရာပရာဒတ် ၊ သြဂုတ် ၂ဝ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူထရာပရာဒတ်(Uttar Pradesh)ပြည်နယ် Muzaffarnagar မြို့၌ သြဂုတ်လ ၁၉ ရက်တွင် ခရီးသည်တင် ရထားတစ်စင်း မတော်တဆလမ်းချော်တိမ်းမှောက်မှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၂၃ ဦးသေဆုံးပြီး အခြား ၅ဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မိုးသည်းထန် စွာရွာသွန်း၍ တောင်ကျရေများပြားခြင်းနှင့်အတူ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ရှိ မယ်ဆိုင်ချောင်းနှင့် နမ့်ယွန်းချောင်းတို့မှ ချောင်းရေများမြင့်တက်လာကာ သြဂုတ်လ ၁၈ ရက်နံနက်အစောပိုင်းက မြေနိမ့်ပိုင်းရှိ ရပ်ကွက်များ၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) မြန်မာ နိုင်ငံ အတွင်းရှိ မျက်စိ အတွင်းတိမ် ဝေဒနာ ခံစားနေရသည့် လူနာ ၂၀၀ ဦးအား အခမဲ့ ခွဲစိတ်ကုသပေးသည့် “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု ဖွင့်ပွဲ အခမ်းအနား ကို သြဂုတ်လ ၁၉...
ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံတွင်ကျင်းပလျက်ရှိသော (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် သြဂုတ်လ ၁၉ ရက်နေ့လည်အထိ မြန်မာနိုင်ငံသည် ရွှေ ၂ဆု နှင့် ငွေတစ်ဆု ရရှိပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းခြင်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရန်ကုန်မြစ်အတွင်း Water Bus ပြေးဆွဲခြင်းကို ယခုလကုန်ပိုင်းတွင် စတင်နိုင်တော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဆူဗာ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) ဖီဂျီနိုင်ငံ ကမ်းရိုးတန်းအလွန်တွင် အင်အား ၆.၄ပမာဏရှိသည့် အင်အားပြင်းထန်သော ငလျင်တစ်ခု သြဂုတ်လ ၁၉ ရက်က လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒဆိုင်ရာ စစ်တမ်းကောက်ယူမှုအဖွဲ့က ပြောကြားခဲ့ပြီး ထိခိုက်ပျက်စီးမှု သတင်းများ ထွက်ပေါ်လာခြင်းမရှိသေးကြောင်း သိရသည်။