Connect with us

Africa & Middle East

အစ္စရေးလေတပ်နှင့် ကမ္ဘာ့၉ နိုင်ငံမှ လေယာဉ်များ ပူးပေါင်း၍ မဟာဗျူဟာမြောက် လေကြောင်းပူးတွဲ စစ်ရေးလေ့ကျင့်မှုပြုလုပ်

အစ္စရေးနိုင်ငံ၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်နေသည့် ရဟတ်ယာဉ်များအားတွေ့ ရစဉ်(ဆင်ဟွာ)

ဂျေရုစလမ် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံတောင်ပိုင်း၌ ကမ္ဘာ့နိုင်ငံပေါင်း ၉ နိုင်ငံမှ လေယာဉ်များသည် အစ္စရေးနိုင်ငံအတွင်း အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုအစီအစဉ်တစ်ရပ်ကို နိုဝင်ဘာလ ၅ ရက်တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

၁၁ ရက်ကြာပြုလုပ်မည့် အပြာရောင်အလံတော်(Blue Flag) စစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို အပန်းဖြေစခန်း Eilat မြို့မြောက်ပိုင်း၊ Negev ကန္တရအတွင်းရှိ Ovda လေတပ်အခြေစိုက်စခန်း၌ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

၎င်းပူးတွဲစစ်ရေးလေ့ကျင့်မှုအစီအစဉ်တွင် လေတပ်သား ၁ဝဝဝ ကျော် ၊ နည်းပညာရှင်များ နှင့် အစ္စရေး ၊ အိန္ဒိယ၊ အမေရိကန် ၊ ဂရိ ၊ ပိုလန် ၊ ပြင်သစ် ၊ အီတလီ ၊ ဂျာမနီ နှင့် အမည်မဖော်လိုသည့် နိုင်ငံတစ်နိုင်ငံမှ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများမှ ဝန်ထမ်းများပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလေ့ကျင့်မှုအတွင်း တပ်ဖွဲ့ဝင်များအနေဖြင့် “ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလေ့ကျင့်ခြင်း ၊ တိုက်ခိုက်မှု နည်းစနစ်များကို သင်ကြားခြင်း နှင့်နိုင်ငံများအကြား သံတမန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ခြင်းများ” စသည့် ကဏ္ဍပေါင်းစုံ လေ့ကျင့်ရေးအစီအစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။

အပြာရောင်အလံတော် ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အစ္စရေးလေတပ်၏ လေ့ကျင့်မှုအစီအစဉ်အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဖြည့်စွက်ပြောကြားခဲ့သည်။ ၂ဝ၁၃ ခုနှစ်တွင် စတင်ခဲ့သည့် လေ့ကျင့်မှုအစီအစဉ်၏ တတိယအကြိမ်မြောက် ပူးတွဲစစ်ရေးလေ့ကျင့်မှုအစီအစဉ် တစ်ခုဖြစ်သည်။

၎င်းပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အိန္ဒိယလေတပ်က ပထမဆုံးအကြိမ်ပူးပေါင်းပါဝင်လာခြင်းဖြစ်ပြီး အစ္စရေး နှင့် အိန္ဒိယနိုင်ငံအကြား ပြီးခဲ့သော နှစ်က နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်ခဲ့သည့် အရေးပါသော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။

ဟီဘရူဘာသာဖြင့် တင်ဆက်သည့် ချန်နယ် 2TV တွင် စစ်တပ်အကြီးတန်းအရာရှိတစ်ဦးက စစ်ရေးလေ့ကျင့်မှုသည် “ အစ္စရေးနိုင်ငံ ၊ အစ္စရေးစစ်တပ် နှင့် လေတပ်အတွက် အလွန်မဟာဗျူဟာမြောက်သော အမြင့်ဆုံး လေ့ကျင့်မှုအစီအစဉ်တစ်ခုဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.