Connect with us

Science & Technology

တိဘက်တွင် ကမ္ဘာ့အမြင့်ဆုံး နက္ခတာရာစခန်းတည်ဆောက်မည်

တိဘက်ဒေသ လာဆာမြို့ရှိ တိဘက်သဘာဝသိပံ္ပ ပြတိုက်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လာဆာ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင် ၎င်း၏ ပထမဆုံး နှင့် ကမ္ဘာ့အမြင့်ဆုံး နက္ခတာရာစခန်းအား ၂၀၁၈ခုနှစ်တွင် စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ နက္ခတာရာစခန်းတွင် အချင်း ၁မီတာရှိ မှန်ဘီလူးတစ်ခုပါရှိသော ဒေသ၏ အကြီးဆုံး နက္ခတာရာကြည့်မှန်ပြောင်းတစ်ခု ပါရှိမည်ဖြစ်ပြီး နက္ခတ္တဗေဒဆိုင်ရာ သုတေသနပြုလုပ်မှု နှင့် အများပြည်သူများအနေဖြင့် သိပ္ပံပညာရပ်ကို လေ့လာနိုင်မည့် အဓိကကျသော ဒေသတွင်း စခန်းတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း တိဘက်ဒေသသိပ္ပံနှင့် နည်းပညာဋ္ဌာန၏ပြောကြားချက်အရ သိရသည်။

တိဘက်ဒေသသိပ္ပံနှင့် နည်းပညာဋ္ဌာန ဒုတိယအကြီးအကဲ Wang Junjie က ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်လာမည့် ယင်းနက္ခတာရာစခန်း သည် ပြည်သူများအနေဖြင့် ကြယ်တာရာများ နှင့် စကြဝဋ္ဌာအား စူးစမ်းလေ့လာနိုင်ရန် ပြီးပြည့်စုံသည့် ပြတင်းပေါက်တစ်ခုဖြစ်လာမည်ကြောင်း နှင့် ဒေသတွင်း လေထုညစ်ညမ်းမှု နည်းပါးခြင်းကိုလည်း ကျေးဇူးတင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းအဆောက်အအုံအား ၂၀၁၉ခုနှစ်တွင် ပြီးစီးရန် ရည်ရွယ်ထားပြီး လာဆာမြို့ရှိ တိဘက်သဘာဝသိပ္ပံ ပြတိုက် အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကမ္ဘာ့ခေါင်မိုး” အဖြစ်တင်စားခေါ်ဝေါ်ကျသည့် တိဘက်ဒေသသည် ပင်လယ်ရေမျက်နှာပြင်အထက် ၄,၀၀၀ မီတာ တွင် တည်ရှိပြီး ၎င်း၏ ရှင်းလင်းပြတ်သားသည့် ကောင်းကင်အခြေအနေကြောင့် နက္ခတ္တဗေဒလေ့လာမှုအတွက် စံပြနေရာတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)