Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံ အရှေ့ပိုင်းတွင် ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လက်ရှိချိန်တွင် လူပေါင်း ၇၅ ဦး သေဆုံး ခဲ့ပြီး ၁၄၀ ဦး ဒဏ်ရာရရှိ

ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သည့် Deir ez-Zor မြို့ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဒမတ်စကတ် ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ဆီးရီးယား နိုင်ငံ အရှေ့ပိုင်း Deir ez-Zor မြို့တွင် နိုဝင်ဘာ ၄ ရက်နေ့၌ ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု ခံခဲ့ရသဖြင့် လက်ရှိချိန်တွင် အရပ်သား စုစုပေါင်း ၇၅ ဦး သေဆုံး ခဲ့ပြီး ၁၄၀ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိခဲ့ရသည်။

သတင်းဖော်ပြချက်များတွင် တိုက်ခိုက်မှု သည် Deir ez-Zor မြို့မြောက်ပိုင်းရှိ စစ်ဆေးရေး ဂိတ်တစ်ခုတွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး အခင်းဖြစ်ပွားသည့် နေရာသည် ဒုက္ခသည် စခန်းတည်ရှိရာ နေရာလည်း ဖြစ်ကြောင်း ၊ တိုက်ခိုက်သူသည် ပေါက်ကွဲစေနိုင်သည့် ပစ္စည်း အပြည့်တင်ဆောင်ထားသည့် ကားကို ဒုက္ခသည် စခန်းအတွင်း မောင်းနှင်ခဲ့ကာ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

ဗြိတိန် နိုင်ငံ လန်ဒန်မြို့ အခြေစိုက် ဆီးရီးယား နိုင်ငံ လူ့အခွင့်အရေး လေ့လာရေး အဖွဲ့က ယခု တိုက်ခိုက်မှု မှာ IS အစွန်းရောက် အဖွဲ့အစည်း ဆောင်ရွက်ခြင်းဖြစ်သည် ကို ယုံကြည်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့သည် စက်တင်ဘာ ၅ ရက်နေ့၌ Deir ez-Zor မြို့ ကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အချိန် ၃ နှစ်ကြား IS လက်အောက်ရောက်ရှိခဲ့သည့် မြို့ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်။ ဆီးရီးယား နိုင်ငံ စစ်ဘက် က နိုဝင်ဘာ ၃ ရက်နေ့၌ Deir ez-Zor မြို့ ကို အလုံးစုံ ထိန်းချုပ် နိုင်ခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.