Connect with us

Science & Technology

စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ အင်တာနက်ညီလာခံအား တရုတ်နိုင်ငံ၌ ဒီဇင်ဘာလတွင် ကျင်းပမည်

တတိယအကြိမ်မြောက် ကမ္ဘာ့ အင်တာနက်ညီလာခံ ကျင်းပခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဝူကျန့်မြို့တွင် လာမည့်လအတွင်း စတုတ္ထအကြိမ်မြောက် အင်တာနက် ညီလာခံ (WIC) အား ကျင်းပမည် ဖြစ်ကြောင်း WIC ဝက်ဘ်ဆိုက်က နိုဝင်ဘာလ ၅ ရက်တွင် ထုတ်ပြန်ထားသည့် ကြေညာချက်၌ ဖော်ပြထားသည်။

အဆိုပါ ညီလာခံအား ဒီဇင်ဘာလ ၃ ရက်မှ ၅ ရက်အထိ ကျင်းပမည် ဖြစ်ပြီး အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ နည်းပညာ အသိုင်းအဝိုင်းများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ကာ ဒီဂျစ်တယ် စီးပွားရေး၊ နောက်ဆုံးပေါ်နည်းပညာ၊ ဆိုက်ဘာစပေ့ အုပ်ချုပ်ရေး စသည့် အင်တာနက်နှင့် ဆက်စပ်သော အကြောင်းအရာများ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုနှစ်၏ WIC ၌ နောက်ဆုံးပေါ် နည်းပညာများ ကမ္ဘာအား တင်ပြမည်ဟု ဆိုသည်။

အဆိုပါ ညီလာခံအား တရုတ် ဆိုက်ဘာစပေ့ အုပ်ချုပ်ရေးနှင့် ကျဲ့ကျန်း ပြည်နယ် အစိုးရတို့က ပူးတွဲ ကမကထပြု ကျင်းပမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.