ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) ဗိုလ်တထောင်မြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် တို့၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု(၂၄)ရွက်၊ ၅,၀၀၀ ကျပ်တန် ငွေစက္ကူအတု(၁၂)ရွက် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
နယူးဒေလီ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျာစတန်ပြည်နယ် တွင် အောက်တိုဘာ ၃၁ရက်က ထရန်စဖော်မာတစ်လုံး ပေါက်ကွဲခဲ့ရာ သေဆုံးသူဦးရေသည် နိုဝင်ဘာ ၁ ရက်တွင် လူ၁၄ဦးအထိ မြင့်တက်လာခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၁ရက် တွင်ပြောကြားခဲ့သည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဒေါ်နယ်ထရမ့် သည် ၎င်း၏ လာမည့် အာရှခရီးစဉ်အတွင်း အချိန်ကျပ်တည်းမှုကြောင့် မြောက်ကိုရီးယားနိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံ အကြား ပိုင်းခြားထားသော စစ်မဲ့ဇုန် (DMZ) သို့ သွားရောက်လည်ပတ်မည်မဟုတ်ကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် နှင့် ရုရှားနိုင်ငံဝန်ကြီးချုပ် မတ်ဗီဒက်တို့သည် အောက်တိုဘာ ၃၁ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံ၍ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာစေရန် နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။
ဒါကာ ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြမ်းဖက်မှု တန်ပြန် တိုက်ခိုက်ရေးတပ်ဖွဲ့(RAB) က လေယာဉ်တစ်စီးအား အပိုင်စီးရန် ကြိုးပမ်းကြံရွယ်မှုဖြင့် လေယာဉ်မှူးတစ်ဦးအပါအဝင် လူ ၄ ဦးအား ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။
နယူးယောက် ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အနီး လမ်းလျှောက်သွားလာနေကြသူများအား ထရပ်ကားတစ်စင်းက ဝင်ရောက်တိုက်ခဲ့ပြီးနောက်တွင် လူ ၈ ဦးသေဆုံးပြီး တစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နယူးယောက်မြို့တော်ဝန်က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန် အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း စတုတ္ထအကြိမ်မြောက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းပွဲကို ယနေ့ အောက်တိုဘာ ၃၁ရက်နေ့၌ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံချက်ပါ အသုံးစရိတ်များနှင့် စပ်လျဉ်း၍ ထပ်မံလိုအပ်ငွေ ကျပ် ဘီလျံ ၂၇၄၀ ကျော်ကို ခွင့်ပြုပေးပါရန် ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီက ယနေ့ ပြည်ထောင်စု...
ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့် ဘက်စုံ ကိုယ်ခံပညာသုံး MMA ပြိုင်ပွဲ ဖြစ်သည့် ONE:Hero’s Dream ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆိုင်းက စိန်ခေါ်သူ မွေထိုင်းဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ Alain Ngalaniအား နှစ်ချီထဲဖြင့်...
နေပြည်တော်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) ပြည်ထောင်စု အစိုးရအဖွဲ့က ဘဏ္ဍာရေးနှစ် ပြောင်းလဲ သတ်မှတ်ခြင်းကို နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ထားခြင်းအပေါ် ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်း အဝေးက မှတ်တမ်းတင်ကြောင်းနှင့် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် အဆိုပါ...