Connect with us

Sport

ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆိုင်းက စိန်ခေါ်သူ မွေထိုင်းဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံအား နှစ်ချီထဲဖြင့် အနိုင်ထိုးမည်


ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့် ဘက်စုံ ကိုယ်ခံပညာသုံး MMA ပြိုင်ပွဲ ဖြစ်သည့် ONE:Hero’s Dream ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆိုင်းက စိန်ခေါ်သူ မွေထိုင်းဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ Alain Ngalaniအား နှစ်ချီထဲဖြင့် အနိုင်ထိုးမည်ဖြစ်ကြောင်း ယနေ့ အောက်တိုဘာ ၃၁ရက်နေ့တွင် သတင်းမီဒီယာများသို့ ပြောကြားသည်။

” ကမ္ဘာ့မှာ မြန်မာဖိုက်တာ ဘယ်သူလဲသိအောင် ကစားမယ်။ နိုင်အောင်ကစားမယ်။ ဝိတ်တန်း ဘယ်လောက်ကြီးကြီး လုံးဝ ဂရုမစိုက်ဘူး။ နိုင်အောင်ထိုးမယ် နှစ်ချီထဲနဲ့ နိုင်အောင်ထိုးမယ်”ဟု ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆိုင်းက ပြောကြားသည်။

ONE: HERO’S DREAM ပွဲကြို ဟန်ရေးပြ မိတ်ဆက်ပွဲ၌ အောင်လအာန်ဆိုင်း ဟန်ရေးပြနေစဉ် (ဆင်ဟွာ)

ONE: HERO’S DREAM ပွဲကြို ဟန်ရေးပြ မိတ်ဆက်ပွဲ၌ အောင်လအာန်ဆိုင်း ဟန်ရေးပြနေစဉ် (ဆင်ဟွာ)

ONE: HERO’S DREAM ပွဲကြို ဟန်ရေးပြ မိတ်ဆက်ပွဲ၌ အောင်လအာန်ဆိုင်း အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ နိုဝင်ဘာ ၃ရက်တွင် ကျင်းပမည့် ONE:Hero’s Dream ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆိုင်း ( မြန်မာ့စပါးအုံး ) နှင့် စိန်ခေါ်သူ ဟဲဗီးဝိတ် မွေထိုင်း ကမ္ဘာ့ချန်ပီယံ အာလိန်း ဂလားနီး (ကျားသစ်နက်)၊ ဖြိုးသော် နှင့် ရွှေဘဦး နှင့် အခြား MMA ကစားသမားများလည်း ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

” ခုပြိုင်ပွဲဟာ အဆင့်အမြင့်ဆုံး စိန်ခေါ်မှုအများဆုံးပွဲဖြစ်တဲ့အတွက် ကျွန်တော်တို့ စွမ်းရည်ကို ပြသဖို့ ရင်ခုန်နေပါတယ်” မွေထိုင်းဟဲဗီးဝိတ် ကမ္ဘာချန်ပီယံ Alain Ngalani က ဆိုသည်။ (Xinhua)