ရီယတ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီးများအား စစ်မှုထမ်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ကုန်သည်စက်မှုအသင်းချုပ် ၏ အသေးစား၊ အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီနှင့် Myanmar Business Executives အဖွဲ့အစည်းတို့ သည် SME လုပ်ငန်းများတိုးတက်ရေး စတင်နိုင်ရန် မကြာမီကာလအတွင်းမှာ နားလည်မှုစာချွန်လွှာတစ်ရပ်ကို ရေးထိုးကြမည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) ၂ဝ၁၇-၂ဝ၁၈ ခုနှစ် ပညာသင်နှစ် တစ်နိုင်ငံလုံး၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/သူ ၈၄၄၂၉၂ ဦး ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဟိုကေဒေကုန်း ကျေးရွာအနီး၌ ဖေဖော်ဝါရီ ၂၆ရက်နေ့က ဒေသန္တရလက်လုပ်မိုင်း တစ်လုံးတေ့ွရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံပိုင် Petrobras ရေနံကုမ္ပဏီသည် ရေနံထုတ်လုပ်ပြီးနောက် ထွက်ရှိလာသည့် ရေဆိုးများအား သမုဒ္ဒရာအတွင်းသို့ စွန့်ထုတ်ခဲ့သဖြင့် ဘရာဇီးငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၃၁ သန်း) ဒဏ်ကြေးပေးဆောင်ရန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အာဏာပိုင်များနှင့် သဘောတူညီချက် ရရှိခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၆...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးကျေးရွာတွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေ ၅နာရီ ၄၀မိနစ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး နေအိမ် ၂၇လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ပါပူဝါနယူးဂီနီနိုင်ငံ တောင်ပိုင်းကုန်းမြင့် ပြည်နယ်၊ မန်ဒီမြို့ အနောက်တောင်ပိုင်း ၉၆ကီလိုမီတာ တွင် ဖေဖော်ဝါရီ ၂၆ရက်က အင်အား ၇.၅ပမာဏရှိ အင်အားအလွန်ပြင်းထန်သော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ ဖေဖော်ဝါရီ ၂၇ရက်တွင် လူ ၃၀ဦးကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊တပင်ရွှေထီးလမ်းမကြီး ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် စက်တင်ဘာလမှ အောက်တိုဘာလအတွင်းခင်းပေးရန်အစီအစဉ် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန်ဦးမောင်မောင်စိုး ကပြောကြားသည်။
မော်စကို၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ အနောက်ပိုင်း Perm ဒေသ ရှိ ဟော်တယ်တစ်ခု၌ ဖေဖော်ဝါရီ ၂၇ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလေး ၃ဦးအပါအဝင် လူ ၆ဦးသေဆုံးခဲ့ကြောင်း ဒေသစုံစမ်းစစ်ဆေးရေးကော်မတီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း အရက်ပုန်းဆိုင်များနှင့်ပတ်သက်ပြီး သတင်းပေးတိုင်ကြားပါက ချက်ချင်းအရေးယူ ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ဒေသရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောသည်။