Connect with us

Africa & Middle East

ဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီးများအား စစ်မှုထမ်းခွင့်ပြု

ဆော်ဒီအာရေဗျနိုင်ငံ အလံကိုင်ထားသော အမျိုးသမီး တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ရီယတ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီးများအား စစ်မှုထမ်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အမျိုးသမီးများအနေဖြင့် ရီယတ်၊ Mecca, Al-Qassim နှင့် Medina စသည့် ပြည်နယ်များ၌ စစ်သားရာထူးအတွက် လျှောက်ထားနိုင်ပြီဖြစ်သည်။

လျှောက်ထားရန် လိုအပ်ချက်များအနေဖြင့် ဆော်ဒီနိုင်ငံသားဖြစ်ရမည် ဖြစ်ပြီး အသက် ၂၅ နှစ်မှ ၃၅ နှစ်ကြား အထက်တန်းကျောင်း ပြီးဆုံးကြောင်း ဒီပလိုမာ ရရှိရမည် ဖြစ်သည်။

ယခုလို အမျိုးသမီး စစ်သားများ စုဆောင်းမှုသည် မကြာသေးမီနှစ်များက ဆော်ဒီအာရေဗျနိုင်ငံအတွင်း အမျိုးသမီး အခွင့်အရေးများ ပြုပြင်ပြောင်းလဲမှုများစွာအနက် တစ်ခုဖြစ်သည်။

ယခုနှစ် ဇွန်လကလည်း အမျိုးသမီးများအား ကားမောင်းခွင့်ပြုသည့် အစီအစဉ်အား ကြေညာခဲ့ကြောင်း၊ အမျိုးသမီး အငှားယာဉ်မောင်းများအား ငှားရမ်းနိုင်သည့် အငှားယာဉ်မောင်း Apps အား ပြင်ဆင်နေကြောင်း သိရသည်။

ထို့ပြင် ဆော်ဒီအမျိုးသမီးများအား ဘောလုံးပွဲများ တက်ရောက်ကြည့်ရှုခွင့်ကိုလည်း ပြီးခဲ့သည့်လက ခွင့်ပြုပေးခဲ့ပြီး ၎င်းတို့၏ အမျိုးသား ဆွေမျိုးများ၏ ခွင့်ပြုချက်မလိုဘဲ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ခွင့်ပြုခဲ့ကြောင်း၊ ထို့အတူ ပထမဆုံးအကြိမ် အမျိုးသမီး စုံစမ်းစစ်ဆေးသူများအား ယခုလအတွင်း စတင်စုဆောင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် လေဆိပ်များနှင့် နယ်စပ်များ၌ အမျိုးသမီးများအတွက် ရာထူးနေရာ ၁၄၀ အား ဖွင့်ပေးထားခဲ့ကြောင်း၊ ယင်းသို့ ပထမဆုံး သမိုင်းတွင်သည့် ပြောင်းလဲမှု၌ လျှောက်ထားသူ အမျိုးသမီး ၁၀၇,၀၀၀ ဦး ရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.