Connect with us

Education & Health

၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက် ဖြေဆိုမည့် ကျောင်းသား/သူ ရှစ်သိန်းကျော်ရှိ

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး ထွက်လာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ)

၂ဝ၁၇-၂ဝ၁၈ ခုနှစ် ပညာသင်နှစ် တစ်နိုင်ငံလုံး၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/သူ ၈၄၄၂၉၂ ဦး ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ တွင် ပြည်နယ် နှင့် တိုင်းဒေသကြီး အလိုက် ဖြေဆိုသူ ကျောင်းသားပေါင်း ၇၁၆,၁၈၈ ဦး ရှိခဲ့ရာ ယခုနှစ်တွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/သူ ၈၄၄၂၉၂ ဦး ရှိကြောင်း သိရသည်။

ထို့အတူ ၂ဝ၁၈ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အတွက် နိုင်ငံခြား စာစစ်ဌာန ၂၁ ခု အပါအဝင် တစ်နိုင်ငံလုံးတွင် ၁၇၄၂ ခု ရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအား မတ်လ ၇ ရက်မှ စတင်၍ ဘာသာရပ် အလိုက် မတ်လ ၁၆ ရက် အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ တွင်ပြည်နယ် နှင့် တိုင်းဒေသကြီး အလိုက် ဖြေဆိုသူကျောင်းသားပေါင်း ၇၁၆,၁၈၈ ရှိခဲ့ပြီး ၊ ၂၄၂,၇၃၆ အောင်မြင်ခဲ့ရာ ၃၃.၈၉ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.