Connect with us

Science & Technology

တပင်ရွှေထီးလမ်း မကြီးကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်းခင်းရန်အစီအစဉ်ရှိ

ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန်ဦးမောင်မောင်စိုးအားတွေ့ရစဉ် (ဓာတ်ပုံ-- ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊တပင်ရွှေထီးလမ်းမကြီး ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် စက်တင်ဘာလမှ အောက်တိုဘာလအတွင်းခင်းပေးရန်အစီအစဉ် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန်ဦးမောင်မောင်စိုး ကပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ဒုတိယအကြိမ်၊ဆဋ္ဌမပုံမှန်အစည်း အဝေး(အဋ္ဌမနေ့)၌ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်၏ “ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ အဓိကလမ်းမကြီး တစ်ခုဖြစ်သော တပင်ရွှေထီးလမ်းမကြီးမှာ ဆိုးရွားစွာပျက်စီးနေပါသဖြင့် ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိ ”ကို သိရှိလိုမေးခွန်းနှင့်ပတ်သက်ပြီးရန်ကုန် မြို့တော်ဝန်ဦးမောင်မောင်စိုးကအထက် ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့စစ်ဆေးပြီးပါပြီ ဒီမှတ်တမ်းတွေလဲ ကျနော်တို့ဆီမှာ ရှိပါတယ်။ ဒါကြောင့်မို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊တပင်ရွှေထီးလမ်း အထူးသဖြင့် ပြည်ထောင်စုလမ်းနဲ့ကျန်စစ်သားလမ်းကြားကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် စက်တင်ဘာလကနေ အောက်တိုဘာလ အတွင်းမှာ ခင်းပေးဖို့အစီအစဉ် ရှိပါတယ်။ လမ်းအရှည်ပေ (၃၀၀၀)နဲ့ အကျယ်က ပေ(၃၀) ရှိပြီးတော့ ထုထည် (၉)လက်မရှိတဲ့ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်သွားဖို့ကို ထည့်သွင်းလျာထားပြီး ဖြစ်ကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်”ဟုရန်ကုန် မြို့တော်ဝန်ကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.