Connect with us

Latin America

ဘရာဇီးနိုင်ငံက ရေနံကုမ္ပဏီတစ်ခုက ရေညစ်ညမ်းမှုအတွက် အမေရိကန်ဒေါ်လာ ၃၁ သန်း ဒဏ်ကြေးပေးဆောင်ရ

ဘရာဇီးနိုင်ငံပိုင် Petrobras ရေနံကုမ္ပဏီ၏ ရေနံတူးစင်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံပိုင် Petrobras ရေနံကုမ္ပဏီသည် ရေနံထုတ်လုပ်ပြီးနောက် ထွက်ရှိလာသည့် ရေဆိုးများအား သမုဒ္ဒရာအတွင်းသို့ စွန့်ထုတ်ခဲ့သဖြင့် ဘရာဇီးငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၃၁ သန်း) ဒဏ်ကြေးပေးဆောင်ရန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အာဏာပိုင်များနှင့် သဘောတူညီချက် ရရှိခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၆ ရက်က ကြေညာလိုက်သည်။

ဘရာဇီးနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲ သဘာဝအရင်းအမြစ်များ (IBAMA) နှင့် သဘောတူညီချက်အရ အဆိုပါ ငွေကြေးများအား ပင်လယ်နှင့် ကမ်းရိုးတန်းတလျှောက်ရှိ ဇီဝမျိုးကွဲများနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒဏ်ကြေးသည် ရီယိုဒီဂျနေးရိုး ကမ်းရိုးတန်းပြင်ပ Cuenca de Campos ရှိ ရေနံတူးစင် ၂၈ ခုမှ ရေဆိုးများအား တရားမဝင်စွန့်ပစ်မှုနှင့် ဆက်စပ်လျက်ရှိသည်။

Petrobras ရေနံကုမ္ပဏီအနေဖြင့် လမည့် နှစ်နှစ်အတွင်း ၎င်းတို့၏ ရေနံတူးစင်များမှ စွန့်ထုတ်ရေများနှင့် ပတ်သက်၍ အမျိုးသား သဘာဝပတ်ဝန်းကျင် ကောင်စီ၏ လိုအပ်ချက်များနှင့် ကိုက်ညီရန် လုပ်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။

IBAMA ၏ အဆိုအရ ယင်း သဘောတူညီချက်သည် ရေနံစင်များမှ ထွက်ရှိလာသည့် ရေဆိုး အရည်အသွေးများအား ပိုမိုတင်းကျပ်စွာ ထိန်းချုပ်မှုများအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.