Connect with us

Australia / Oceania

ပါပူဝါနယူးဂီနီ တွင် အင်အား ၇.၅ပမာဏရှိ ငလျင်ပြင်းတစ်ခုကြောင့် လူ ၃၀ဦးကျော် သေဆုံး

ပါပူဝါနယူးဂီနီ နိုင်ငံတွင် အင်အား ၇.၅ပမာဏရှိ ငလျင်ပြင်းတစ်ခုကြောင့် မြေပြိုမှုတစ်ခု ဖြစ်ပွားစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ပါပူဝါနယူးဂီနီနိုင်ငံ တောင်ပိုင်းကုန်းမြင့် ပြည်နယ်၊ မန်ဒီမြို့ အနောက်တောင်ပိုင်း ၉၆ကီလိုမီတာ တွင် ဖေဖော်ဝါရီ ၂၆ရက်က အင်အား ၇.၅ပမာဏရှိ အင်အားအလွန်ပြင်းထန်သော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ ဖေဖော်ဝါရီ ၂၇ရက်တွင် လူ ၃၀ဦးကျော် သေဆုံးခဲ့ကြောင်း သိရသည်။

အသေးစိတ်အချက်အလက်များ ကို ရှင်းလင်းစွာမသိရှိရသေးသော်လည်း မန်ဒီမြို့တွင်လူ ၁၃ဦးသေဆုံးခဲ့ပြီး အနီးရှိ ကူတူဘူ နှင့် ဘိုဆေ့ဗ် ဧရိယာများတွင် လူ ၁၈ဦးကျော်သေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်းစာ PNG Post Courier ကဖော်ပြခဲ့သည်။

သတင်းရင်းမြစ်များကလည်း မြေပြင်အနက် ၃၅ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လူ ၃၀၀ဦးနီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

မြေပြင်မှ ရရှိသည့် သတင်းအချက်အလက်များအရ ပျက်စီးမှု ပမာဏသည် အတော်များပြားကြောင်း Hela အုပ်ချုပ်ရေးမှူး Philip Undialu က ပြည်တွင်းမီဒီယာသို့ပြောကြားခဲ့သည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အများအပြား လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ငလျင်ကြောင့် တယ်လီဖုန်းလိုင်းများ၊ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့ပြီး မန်ဒီမြို့တွင်း နှင့် ပတ်လည်ရှိ နေထိုင်သူ ၅၀,၀၀၀ အတွက် အခက်အခဲ ပြဿနာများ ဖြစ်ပေါ်စေခဲ့ကာ အဆိုပါဧရိယာတွင် နောက်ဆက်တွဲငလျင်များစွာ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းသတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Papua New Guinea က ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့သည့် မြေပြိုကျမှုများကြောင့် ကလေးငယ် ၄ဦးအပါအဝင် အနည်းဆုံး လူ ၁၀ဦး သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.