ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ထံသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက်၊ အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌမစ္စတာ ကျန်းဒေကျန်း က ပေးပို့လာသော ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာအား ဖေဖော်ဝါရီ ၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်...
အက်ခ်လန်၊ နယူးဇီလန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) အဖွဲ့ဝင် ၁၂ နိုင်ငံပါဝင်သော ပစိဖိတ်ဖြတ်ကျော် မိတ်ဖက် ကုန်သွယ်ရေး (TPP) သဘောတူညီမှုအား ထောင်ပေါင်းများစွာသော ဆန့်ကျင် ကန့်ကွက်သူများရှိနေသည့်ကြားမှ နယူးဇီလန်နိုင်ငံ အော့ကလန်မြို့၌ ဖေဖော်ဝါရီလ ၄ ရက်က လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) အမျိုးသားလွှတ်တော် အနေဖြင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ နှင့် ပြည်သူ့ငွေစာရင်းကော်မတီတို့အား ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ်မြောက် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်း၍ ကော်မတီဥက္ကဋ္ဌများအား ရွေးချယ်ခဲ့သည်။
ရီယို ဒီ ဂျန်နိုင်ရို၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍အရေးပေါ်ထုတ်ပြန်ချက် ကြေညာပြီး နောက်တစ်ရက်တွင် Rio 2016 ဖြစ်မြောက်ရေး ကော်မတီ သည် ပြိုင်ပွဲများ ကျင်းပချိန်၌ ယင်းဗိုင်းရပ်စ်ပိုး ကူးစက်မှု ပြဿနာကို အချိန်မှီဖြေရှင်းနိုင်မည်ဟု...
မော်စကို၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) ဆီးရီးယားတွင် အကြမ်းဖက်များက စိန်ပြောင်းဖြင့် ပစ်ခတ်မှုကြောင့် ရုရှား စစ်ရေး အကြံပေး တစ်ဦး သေဆုံး ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောကြားချက်အား ကိုးကား၍ ဒေသခံ မီဒီယာက တင်ပြထား သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) လွှတ်တော်၏ အဓိက တာဝန်ဖြစ်သည့် ဥပဒေ ပြုရေးနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရေး တာဝန် များကို စတင် ထမ်းဆောင်နိုင်ရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ နှင့် ပြည်သူ့ ငွေစာရင်း ကော်မတီ ဖွဲ့စည်းရေး...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ ကာကွယ် ပေးစေ လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira နှင့် ဖေဖော်ဝါရီလ ၃ ရက်က တွေ့ဆုံဆွေးနွေး...
နေပြည်တော်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ပြည်ထောင်စုလွှတ်တော်သည် အမျိုးသား ရင်ကြားစေ့ရေး နှင့် ပြည်ထောင်စု အသွင်ဆောင်သော လွှတ်တော်ဖြစ်ရန် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်မည်ဖြစ်ကြောင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြည်တွင်း ပြည်ပ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ပြည်တွင်း၌ ငါးထုတ်လုပ်မှု ကဏ္ဍတွင် သဘာဝမှ ဖမ်းဆီး ထုတ်လုပ်မှုများကို လျှော့ချကာ ငါးမွေးမြူသူ များနှင့် ငါးမွေးကန်များ တိုးတက် လာစေရန် စီမံချက်ချ၍ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ရှိ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုသည် ခြင်မှ တစ်ဆင့် ကူးစက်နိုင်သည့် ဇီကာ ဗိုင်းရပ်စ် ကာကွယ်ဆေး ကို ကမ္ဘာ့ပထမဆုံး ထုတ်လုပ်နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ လ၃ရက်နေ့က ကြေညာခဲ့သည်။