Connect with us

Africa & Middle East

နိုင်ဂျီးရီးယားဈေး၌ပေါက်ကွဲမှုများကြောင့် လူ ၁၅ဦးသေဆုံး ၅၃ဦးဒဏ်ရာရရှိ

နိုင်ဂျီးရီးယားနိုင်ငံရှိ ဈေးတစ်ခုတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အဘူဂျာ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘိုင်အူ မြို့ရှိ ဈေးတစ်ခုတွင် ဒီဇင်ဘာ ၂ ရက်က အသေခံဗုံးဖောက်ခွဲမှု နှစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၃ဦးသေဆုံးပြီး အခြားလူ ၅၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။

နိုင်ငံမြောက်ပိုင်း ဘော်နိုပြည်နယ် ရှိ လူစည်ကားရာ ဘိုင်အူဈေးတွင် အမျိုးသမီးအသေခံဗုံးခွဲသမား ၂ဦးကြောင့် ထိခိုက်သေဆုံးမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗစ်တာအိုင်ဆူကူ က အတည်ပြုပြောကြားခဲ့သည်။အိုင်ဆူကူက ပထမအကြိမ်ဗုံးပေါက်ကွဲမှုသည် ဈေးအတွင်း၌ နေ့လည်ပိုင်းတွင်ဖြစ်ပွားခဲ့ပြီး စက္ကန့်ပိုင်းအကြာတွင် ဈေးအပြင်၌ နောက်တစ်ကြိမ် ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က ယင်းတိုက်ခိုက်မှုအား ဘိုကိုဟာရမ်အကြမ်းဖက်အုပ်စု လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပြီး ၂၀၀၉ခုနှစ်မှစ၍ နိုင်ငံတစ်ဝန်း ဘိုကိုဟာရမ်အကြမ်းဖက်အုပ်စု၏ တိုက်ခိုက်မှုကြောင့် လူ ၂၀,၀၀၀ကျော်သေဆုံးခဲ့ရပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.