Connect with us

Politics, Law & Military

လူသားမျိုးနွယ်အတွက် အနာဂတ်မျှဝေမှုရှိသော လူမှုအသိုက်အဝန်း တည်ထောင်ရန် ကမ္ဘာ့ နိုင်ငံရေးပါတီများအား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းပြောကြား

CPC နှင့် ကမ္ဘာ့ နိုင်ငံရေးပါတီများ အဆင့်မြင့် အစည်းအဝေးဖွင့်ပွဲ အခမ်းအနား၌ မိန့်ခွန်းပြောကြားနေသော တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ သမ္မတလည်းဖြစ်သလို တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သော ရှီကျင့်ဖိန်က CPC သည် ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံရေးပါတီများနှင့်အတူ လူသားမျိုးနွယ်အတွက် အနာဂတ်မျှဝေမှုရှိသော လူမှုအသိုက်အဝန်း တည်ဆောက်မှု မြှင့်တင်ရေးနှင့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီး တစ်ခု ဖန်တီးရန် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရှီသည် ဒီဇင်ဘာလ ၁ ရက်က ပေကျင်းတွင် ပြုလုပ်ခဲ့သော CPC နှင့် ကမ္ဘာ့ နိုင်ငံရေးပါတီများ အဆင့်မြင့် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနား၌ အထက်ပါအတိုင်း မိန့်ခွန်း ပြောကြားခဲ့သည်။

လူသားမျိုးနွယ်အတွက် အနာဂတ်မျှဝေမှုရှိသော လူမှုအသိုက်အဝန်း တည်ဆောက်ရေး

လူသားမျိုးနွယ်အတွက် အနာဂတ်မျှဝေမှုရှိသော လူမှုအသိုက်အဝန်း တည်ဆောက်ရေးသည် အယူအဆအဖြစ်မှု လှုပ်ရှားမှု တစ်ရပ်အဖြစ် အသွင်ပြောင်းလာပြီ ဖြစ်ကြောင်း သမ္မတ ရှီက ဆိုသည်။

အလားတူ ခေတ်သစ် ပိုးလမ်းမကြီးဖော်ဆောင်မှုသည်ပင် အဆိုပါ အယူအဆ၏ လက်တွေ့ လုပ်ဆောင်ချက် တစ်ရပ်ပင် ဖြစ်ကြောင်း ရှှီက ပြောကြားခဲ့ပြီး ခေတ်သစ် ပိုးလမ်းမကြီးက ယင်းနှင့် ဆက်စပ်လျက်ရှိသော နိုင်ငံများအတွက် ရရှိလာစေမည့် ဘုံဖွံ့ဖြိုးတိုးတက်မှုအား နားလည် သဘောပေါက်စေရန် ပူးပေါင်းဆောင်ရွက်မှု ပေါင်းကူးကြီး တစ်ခုဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ကြောက်ရွံ့မှုကင်းသော ကမ္ဘာကြီးတစ်ခု တည်ဆောက်ရန် အားထုတ်သင့်ကြောင်းနှင့် နိုင်ငံ တစ်နိုင်ငံတည်း ရပ်တည်ပါက လုံခြုံမှု ရရှိနိုင်မည် မဟုတ်ကြောင်း၊ အခြား နိုင်ငံများ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရခြင်းသည် ကျွနု်ပ်တို့အားလုံးကို စိန်ခေါ်ချက်များ ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ကြသည်။

“ခြိမ်းခြောက်မှုတွေနဲ့ ခက်ခဲရှုပ်ထွေးမှုတွေက ပိုပြီးတော့များလာလို့ တစ်နိုင်ငံထဲအနေနဲ့ တိုက်ခိုက်လို့ ရမှာမဟုတ်သလို စစ်တပ်အင်အားကိုပဲ အားကိုးလို့ရမှာ မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံတွေ အားလုံးအနေနဲ့ ဘုံကျပြီး မဟာဗျူဟာကျသော ပူးပေါင်းဆောင်ရွက်မှုရှိသော၊ ရေရှည်တည်တံ့မှုရှိသော လုံခြုံရေး အယူအဆသစ်ကို လိုက်လျှောက်သင့်တယ်” ဟု ရှီက အကြံပြုခဲ့သည်။

တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်နှင့် CPC နှင့် ကမ္ဘာ့ နိုင်ငံရေးပါတီများ အဆင့်မြင့် အစည်းအဝေး ဖွင့်ပွဲမတိုင်မီ မှတ်တမ်း ဓာတ်ပုံရိုက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပါတီအချင်းချင်း ဆက်ဆံရေး ပုံစံသစ်

ထို့ပြင် သမ္မတ ရှီက နိုင်ငံရေးပါတီများအနေဖြင့် မတူကွဲပြားမှုများအား ဖယ်ရှားပြီး ပါတီ တစ်ခုနှင့် တစ်ခု လေးစားကာ လေ့လာသင်ယူမှုရှိသော ပါတီအချင်းချင်း ဆက်ဆံရေး ပုံစံသစ် တစ်ခု တိုးတက်စေရန် ဒီဇင်ဘာလ ၁ ရက်က အဆိုပြုလိုက်ကြောင်း သိရသည်။

ပွင့်လင်းသည့် အမြင်၊ သဘောထားကြီးစွာဖြင့် CPC သည် အခြားနိုင်ငံများရှိ နိုင်ငံရေးပါတီများ၊ ပြည်သူလူထုနှင့်အတူ ဆွေးနွေးမှုများ၊ ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်းလည်း သမ္မတ ရှီက မှတ်ချက်ပြုခဲ့သည်။

လာမည့် ငါးနှစ်တာကာလအတွင်း CPC က ကမ္ဘာ့ နိုင်ငံရေးပါတီများမှ ပါတီဝင် ၁၅၀၀၀ အား နှီးနှောဖလှယ်မှုများအတွက် တရုတ်နိုင်ငံသို့ ဖိတ်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

သည့်အပြင် CPC သည် နိုင်ငံနှင့် ဒေသပေါင်း ၁၆၀ ခန့်မှ နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းပေါင်း ၄၀၀ ကျော်နှင့် ပုံမှန် ဆက်ဆံရေးအား ဆက်လက် ထိန်းသိမ်းသွားမည်ဟု ဆိုသည်။

တရုတ်နိုင်ငံ၏ ပုံစံအတိုင်း လိုက်ပါလုပ်ဆောင်စေလိုခြင်း မဟုတ်

တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ပြည်ပနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု ပုံစံများအား ထပ်တူပြု၍ ဆောင်ရွက်မည်မဟုတ်သလို တရုတ်ကွန်မြူနစ်ပါတီ၏ ပုံစံအတိုင်းလည်း ပြည်ပနိုင်ငံများမှများက ထပ်တူပြုဆောင်ရွက်ရန် တိုက်တွန်းလိုခြင်းလည်း မဟုတ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

CPC အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ပြည်သူများအကြား အပြန်အလှန် လေ့လာသင်ယူခြင်းနှင့် နှီးနှောဖလှယ်ခြင်းများအတွက် အကူအညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အသွင်မျိုးစုံဖြင့် နှီးနှောဖလှယ်မည်

CPC နှင့် ကမ္ဘာ့ နိုင်ငံရေးပါတီများ အဆင့်မြင့် အစည်းအဝေး၏ ပထမဆုံး မျက်နှာစုံညီအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားပြီးနောက် ပြည်ပနိုင်ငံများမှ ကိုယ်စားလှယ်များက သမ္မတ ရှှီ၏ မိန့်ခွန်းအပေါ် တလေးတစား ပြောကြားခဲ့ကြပြီး CPC နှင့်အတူ ပိုမို ကောင်းမွန်သော ကမ္ဘာကြီး တစ်ခု တည်ဆောက်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ကြသည်။

အာဖရိကနှင့် အာရှ အလယ်ပိုင်းမှ ကိုယ်စားလှယ်များက CPC နှင့်အတူ အနာဂတ် မျှဝေမှုရှိသော လူမှုအသိုက်အဝန်း တည်ဆောက်ရေးနှင့် ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှု မြှင့်တင်ရေး စသည်တို့အတွက် အစည်းအဝေးများ ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေး နှစ်ရပ်လုံးအား အဆင့်မြင့် အစည်းအဝေး မူဘောင်အောက်တွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး နိုင်ငံပေါင်း ၁၂၀ ကျော်မှ နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်း ၃၀၀ နီးပါးမှ ကိုယ်စားလှယ်ပေါင်း ၆၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.