Connect with us

Sport

နိုင်ငံတကာ ဖိတ်ခေါ် ပြိုင်ပွဲများ အတွက် ပြင်ဆင်နေသည့် မြန်မာ ယူ ၂၃ ၊ ယူ ၂၁ အသင်း တို့နှင့် မြန်မာ နေရှင်နယ်လိဂ် ညွန့်ပေါင်း အသင်း ခြေစမ်း ကစားမည်

မြန်မာ နေရှင်နယ်လိဂ် ညွန့် ပေါင်း အသင်း၏ လေ့ကျင့် ပြင်ဆင်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-MFF)

ရန်ကုန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)

နိုင်ငံတကာ ဖိတ်ခေါ် ပြိုင်ပွဲများအတွက် ပြင်ဆင်လျှက်ရှိသည့် မြန်မာ့လက်ရွေးစင် ယူ ၂၃ အသင်း ၊ မြန်မာ့ လက်ရွေးစင် ယူ ၂၁ အသင်း တို့နှင့် မြန်မာနေရှင်နယ်လိဂ်ညွန့်ပေါင်းအသင်းတို့သည် ဒီဇင်ဘာ ၄ ရက် နှင့် ၆ ရက်များတွင် သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ညွန့်ပေါင်းအသင်းသည် ဒီဇင်ဘာ ၄ ရက် ညနေ ၄ နာရီတွင် ထိုင်း M-150 ဖိတ်ခေါ် ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် ယူ ၂၃ အသင်းနှင့် လည်းကောင်း ၊ ဒီဇင်ဘာ ၆ ရက် ညနေ ၄ နာရီတွင် ဗီယက်နမ် ယူ ၂၁ ဖိတ်ခေါ်ပြိုင်ပွဲအတွက်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် ယူ ၂၁ အသင်းနှင့်လည်းကောင်း ခြေစမ်းပွဲများ အသီးသီး ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ နေရှင်နယ်လိဂ် ညွန့်ပေါင်း အသင်းကို ပြည်တွင်း ၊ ပြည်ပကစားသမား ၂၀ ဦးဖြင့် ဖွဲ့စည်းထားပြီး အသင်း နည်းပြချုပ် အဖြစ် ဦးမျိုးလှိုင်ဝင်း (မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)နှင့် နည်းပြ ဦးစိုးမြတ်မင်း( ရှမ်းယူနိုက်တက်အသင်း) တို့က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.