Connect with us

Asia

တောင်ကိုးရီးယားတွင် လှေမတော်တဆမှုကြောင့် လူ ၁၃ဦးသေဆုံး

ဆီတင်သင်္ဘောနှင့် တိုက်မိ၍ နစ်မြှုပ်သွားသည့် တောင်ကိုရီးယား ငါးဖမ်းလှေအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆိုးလ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းကမ်းရိုးတန်းအလွန်၌ ယနေ့တွင် တောင်ကိုရီးယားငါးဖမ်းလှေတစ်စီး နှင့် ဆီတင်သင်္ဘောတစ်စီးတိုက်မိပြီး တိမ်းမှောက်ခဲ့ရာ လူ ၁၃ဦးသေဆုံးကြောင်း တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

ကမ်းခြေစောင့်တပ်ဖွဲ့က လူ ၂ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး အခြားလူ ၆ဦးမှာလည်း သတိမေ့မြောနေကြောင်း ပြောကြားခဲ့သည်။ပြည်တွင်းသတင်းဋ္ဌာန၏ ဖော်ပြချက်အရ ဆိုးလ်မြို့ အနောက်ပိုင်း Yeongheung ကျွန်းအနီးရှိ ပင်လယ်ရေပြင်၌ ဒီဇင်ဘာ ၃ရက် ဒေသစံတော်ချိန် နံနက် ၆း၁၂နာရီတွင် လှေဝန်ထမ်း ၂ဦး နှင့် ခရီးသည် ၂၀ဦးလိုက်ပါလာသည့် ၉.၇၇တန်ချိန်ရှိသော ငါးဖမ်းလှေ သည် ၃၃၆တန်ချိန်ရှိသော ဆီတင်သင်္ဘောတစ်စီး နှင့် တိုက်မိခဲ့ကြောင်း သိရသည်။တောင်ကိုရီးယားအာဏာပိုင်များက ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်ရန် ရဟတ်ယာဉ် ၄စင်း နှင့် လှေ ၁၄စင်း စေလွှတ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.