အဒစ်အဘာဘာ ၊ မတ် ၁၆ ရက် (ဆင်ဟွာ) အီသီယိုးပီးယား နိုင်ငံ ၏ မြို့တော် အဒစ်အဘာဘာ တွင် ဖြစ်ပွားခဲ့သော အမှိုက်ပုံ ပြိုလဲမှုကြောင့် သေဆုံးခဲ့သူ စာရင်းသည် မတ်လ ၁၅ ရက်နေ့တွင် ၁၁၃ ဦးအထိ ရောက်ရှိလာခဲ့ပြီး လက်ရှိချိန်တွင် အီသီယိုးပီးယား နိုင်ငံ၌...
ဒမတ်စကက်၊ မတ် ၁၆ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကက်မြို့တွင် မတ်လ ၁၅ ရက်က ဗုံးနှစ်လုံးပေါက်ကွဲခဲ့မှုကြောင့် လူ ၄၃ဦးသေဆုံးပြီး ၁၂၉ဦးဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်တစ်ခု က ဆင်ဟွာသို့ပြောကြားခဲ့သည်။
မနီလာ ၊ မတ် ၁၆ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးသည် မတ်လ ၂ဝ ရက် မှ ၂၂ ရက်ထိ ထိုင်းနိုင်ငံသို့တရားဝင် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ယနေ့(မတ်လ ၁၆ ရက်) တွင် သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မတ်လ ၁၅ ရက် (ဆင်ဟွာ) နှစ်အလိုက် လျှပ်စစ်ဓာတ်အား သုံးစွဲမှု တိုးတက်လာခြင်းများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရေအား၊နေရောင်ခြည်နှင့် လေစွမ်းအင်သုံး လျှပ်စစ် စီမံကိန်း ၆၀ ခုတို့ကို စီစဉ်ထားရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်ကပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ယနေ့ရှင်းလင်း တင်ပြခဲ့သည်။
နေပြည်တော်၊ မတ်လ ၁၅ ရက် (ဆင်ဟွာ) အစိုးရ ဝန်ကြီးဌာနများအောက်ရှိ ဦးစီးဌာနအသီးသီးတွင် ယာဉ်အို ယာဉ်ဟောင်းများ ဖြန့်ေ၀ အသုံးပြုနေခြင်းကို ပြန်လည်သုံးသပ်ပြီးနိုင်ငံတော်အတွက်အကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းများ ရှာဖွေ ဆောင်ရွက်သွားမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြား ခဲ့သည်။
နေပြည်တော်၊ မတ်လ ၁၅ ရက် (ဆင်ဟွာ) ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်တွင် မဖြစ်မနေ ပြင်ဆင် ထိန်းသိမ်း ရမည့် လမ်း တံတားများအတွက် ကျပ် ၇၁ ဘီလျံကျော် သုံးစွဲသွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က...
ရန်ကုန် ၊ မတ် ၁၅ ရက်(ဆင်ဟွာ) လောက်ကိုင်နှင့် နှစ်နိုင်ငံနယ်စပ် ရန်လုံကျိုင်း လမ်းကြောင်းကို စိုးမိုးသည့် ပွိုင့်-၁၂၆၉ တောင်ကုန်းအား တပ်မတော်မှ ယနေ့မတ် ၁၅ ရက်တွင် သိမ်းပိုက် ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် စင်ကာပူသမ္မတနိုင်ငံ ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး မစ္စတာဂိုချောက်ထောင် နှင့်တွေ့ဆုံစဉ် မြန်မာ-စင်ကာပူ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်သည်။
ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တီလာဆန် (Rex Tillerson) သည် မတ်လ ၁၈ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ၏ ဖိတ်ကြားချက်ဖြင့် လာရောက်မည် ဖြစ်ကြောင်း တရုတ်...
ဝါရှင်တန် ၊ မတ် ၁၅ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ မှ သတင်းထောက် တစ်ဦးက ဒေါ်နယ်ထရမ့် ၏ ၂၀၀၅ ခုနှစ် တွင် ပေးချေ ခဲ့သော အခွန် စာရင်း ကို ရရှိခဲ့ပြီး ထုတ်ပြန်သွားမည် ဟုကြေညာ ခဲ့ပြီးနောက်တွင် အိမ်ဖြူတော်...