Connect with us

North America

အိမ်ဖြူတော် မှ ဒေါ်နယ်ထရမ့် ၏ ၂၀၀၅ ခုနှစ် အခွန် ပေးချေမှု ဆိုင်ရာ အချက်အလက် များကို လက်ဦးမှု ယူ၍ ထုတ်ပြန်ခဲ့

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မတ် ၁၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ မှ သတင်းထောက် တစ်ဦးက ဒေါ်နယ်ထရမ့် ၏ ၂၀၀၅ ခုနှစ် တွင် ပေးချေ ခဲ့သော အခွန် စာရင်း ကို ရရှိခဲ့ပြီး ထုတ်ပြန်သွားမည် ဟုကြေညာ ခဲ့ပြီးနောက်တွင် အိမ်ဖြူတော် က မတ်လ ၁၄ ရက်နေ့တွင် လက်ဦးမှု ယူကာ ထုတ်ပြန်ကြေညာ ခဲ့သည်။

အိမ်ဖြူတော် မှ ထုတ်ပြန် ခဲ့သည့် ကြေညာချက်တွင် ဒေါ်နယ်ထရမ့် အနေဖြင့် ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၁၅၀ ရှိခဲ့ပြီး တစ်ဦးချင်းဝင်ငွေ ဆိုင်ရာ အခွန် အမေရိကန် ဒေါ်လာ ၃၈ သန်းကို ပေးချေခဲ့ကာ အခြားသက်ဆိုင်ရာ အခွန်များနှင့် ပတ်သက်၍လည်း အမေရိကန် ဒေါ်လာ သန်း ဆယ်နှင့်ချီ၍ ပေးချေ ခဲ့ကြောင်း ပါဝင် ခဲ့သည်။

အမေရိကန် နိုင်ငံ MSNBC ရုပ်သံ ဌာန မှ သတင်းထောက် Rachel Maddow သည် ပြီးခဲ့သည့် ရက်ပိုင်းက ၎င်း၏ Twitter စာမျက်နှာတွင် ဒေါ်နယ်ထရမ့် ၏ ၂၀၀၅ ခုနှစ်က ပေးချေခဲ့သည့် အခွန်စာရင်း ကို ရရှိထားကြောင်း နှင့် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။

အိမ်ဖြူတော် မှ ထိုဖော်ပြချက်ကို သိရှိခဲ့ပြီး နောက်တွင် ချက်ချင်း “အခွန်ပေးချေမှု ဆိုင်ရာ အချက်အလက် များကို ခိုးယူခြင်း နှင့် ထုတ်ပြန်ကြေညာခြင်း သည် တရားဥပဒေ ကို ချိုးဖောက်ရာရောက်ကြောင်း” ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် သည် လက်ရှိချိန်ထိ အခွန်ပေးချေမှု ဆိုင်ရာ အချက်အလက် အပြည့်အစုံ ကို ထုတ်ပြန်ကြေညာ ရန် ငြင်းဆိုခဲ့ပြီး ဤသည်မှာလည်း ခေတ်အဆက်ဆက်သော အမေရိကန် သမ္မတ များ၏ အခွန်ပေးချေမှုဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ကြေညာ သည့် အလေ့အထ ကို ချိုးဖောက်ခဲ့သောကြောင့် အများ၏ သံသယ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.