Connect with us

Africa & Middle East

ဒမတ်စကက်မြို့တွင် ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် ၄၃ဦးသေ၊ ၁၂၉ဦးဒဏ်ရာရရှိ

အသေခံဗုံးပေါက်ကွဲခဲ့သည် ဒမတ်စကက်မြို့လယ်ရှိ တရားရုံး၏အတွင်းဘက် အားတွေ့ရစဉ် (ဆင်ဟွာ/AFP)

ဒမတ်စကက်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကက်မြို့တွင် မတ်လ ၁၅ ရက်က ဗုံးနှစ်လုံးပေါက်ကွဲခဲ့မှုကြောင့် လူ ၄၃ဦးသေဆုံးပြီး ၁၂၉ဦးဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်တစ်ခု က ဆင်ဟွာသို့ပြောကြားခဲ့သည်။

ဗုံးဖောက်ခွဲနှစ်ခု အနက် ပထမတစ်ခုသည် ဒမတ်စကက်မြို့လယ် ရှိ တရားရုံးအတွင်း၌ မတ်လ ၁၅ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်ပွားပုံမှာ တရားရုံးအတွင်း၌ အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့ရာ လူ ၄၃ဦးသေဆုံးပြီး ၁၀၅ဦးဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောကြားခဲ့သည်။

အသေခံဗုံးခွဲသမားသည် မတ်လ ၁၅ရက် နေ့လည်ပိုင်းက တရားရုံးအဆောက်အအုံအတွင်း ဝင်ရောက်ရန်အတွက် စစ်ဆေးမှုခံယူနေသည့် လူအုပ်အတွင်းရောနှောပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

အသေခံဗုံးခွဲသမားသည် စစ်တပ်ဝတ်စုံ ဝတ်ဆင်ကာ ရုပ်ဖျက်ထားပြီး ရိုင်ဖယ်သေနတ်တစ်လက်နှင့် လက်ပစ်ဗုံးတစ်လုံး ယူဆောင်လာကြောင်း သိရသည်။ ၎င်းသည် စစ်ဆေးရေးဂိတ်ပေါက်ရှိ အစောင့်ရဲတပ်ဖွဲ့ထံ လက်နက်များအပ်နှံပြီးနောက် ထပ်မံစစ်ဆေးမှုကို မခံယူဘဲ စစ်ဆေးဂိတ်ကို အတင်းဖြတ်သန်းလာကာ တရားရုံး၏ ပင်မခန်းမအရောက်တွင် အသေခံဗုံးအားဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုသည် တရားရုံးအတွင်းလူစည်ကားနေသော အချိန်၌ ဖြစ်ပွားခဲ့၍ လူအများအပြား သေဆုံးခဲ့ရကြောင်း သိရသည်။

ယင်းသို့ဖြစ်ပွားပြီး တစ်နာရီအကြာတွင် ဒမတ်စကက်မြို့အနောက်ဘက် Rabweh အပန်းဖြေဧရိယာ၌ သေနတ်သံများကြားခဲ့ရပြီး အသေခံဗုံးခွဲသမားတစ်ဦးအား ဆီးရီးယားရဲတပ်ဖွဲ့က ပစ်ခတ်တားဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော် အဆိုပါ ဗုံးခွဲသမားသည် အပန်းဖြေဧရိယာအတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ ဝင်ရောက်ကာ အသေခံဗုံးဖောက်ခွဲခဲ့သောကြောင့် လူ၂၄ဦးဒဏ်ရာရရှိခဲ့ရကြောင်း သိရသည်။

ဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့သည့် စားသောက်ဆိုင်အတွင်း၌ မွေးနေ့ပွဲတစ်ခု ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအသေခံဗုံးဖောက်ခွဲမှုများသည် အကြမ်းဖက်မှုများ ကာလရှည်ကြာငြိမ်သက်နေခဲ့ပြီးနောက် မကြာသေးမီက ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်များအနက် နောက်ဆုံးဗုံးပေါက်ကွဲမှုများဖြစ်ကြောင်း သိရသည်။

မတ်လ ၁၁ရက်နေ့တွင်လည်း အယ်လ်ကိုင်းဒါးအဖွဲ့နှင့် ဆက်စပ်နေသည့် Nusar တပ်ဦးအဖွဲ့က ဒမတ်စကက်မြို့တွင် အသေခံဗုံးဖောက်ခွဲမှုလုပ်ဆောင်ခဲ့၍ ဘုရားဖူးလာကြသော အီရတ်နိုင်ငံသား ရှီးယိုက်လူမျိုးများအပါအဝင် လူပေါင်း ၇၄ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.