Connect with us

Environment, Disasters & Accidents

၂၀၁၇ – ၁၈ တွင် လမ်း၊ တံတား ပြင်ဆင် ထိန်းသိမ်းရန် ကျပ် ၇၁ ဘီလျံကျော် သုံးစွဲမည်

ရန်ကုန်တိုင်း တွံတေးမြို့တွင်တွေ့ရသော တွံတေးမြစ်ကူးတံတားအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၁၅ ရက် (ဆင်ဟွာ)

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်တွင် မဖြစ်မနေ ပြင်ဆင် ထိန်းသိမ်း ရမည့် လမ်း တံတားများအတွက် ကျပ် ၇၁ ဘီလျံကျော် သုံးစွဲသွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း တင်ပြခဲ့သည်။

“ လမ်းဦးစီးဌာနအနေနဲ့ပြင်ဆင် ထိန်းသိမ်းစရိတ်လျာထားတောင်းခံငွေက ကျပ် ၅၅ ဒသမ ၃၉၈ ဘီလျံ၊၊တံတားဦးစီးဌာနအနေနဲ့က ကျပ် ၁၅ ဒသမ ၆၁၂ ဘီလျံ ဖြစ်ပါတယ်၊ လမ်း၊ တံတားများ အားလုံးကို ပြင်ဆင်ထိန်းသိမ်းမည်ဆိုပါက ယခုတင်ပြ တောင်းခံငွေထက် များစွာ ကုန်ကျမှု ရှိမှာ ဖြစ်လို့ မဖြစ်မနေ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကိုသာ တွက်ချက် တင်ပြထားပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

၂၀၁၇ ခုနှစ်ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြီးခဲ့သည့် ပြည် ထောင်စု လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက မူနှင့် အခြေခံ သဘော ဆွေးနွေးခဲ့ရာ ထိုဆွေးနွေးချက်များနှင့် စပ်လျဉ်းပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြန်လည် ရှင်းလင်း တင်ပြရာ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လမ်းဦးစီးဌာနသည် စက်ကိရိယာ တန်ဆာပလာများအတွက် ကျပ် ၂ ဒသမ ၁၆ ဘီလျံ၊၊အဆောက်အအုံအတွက် ၀ ဒသမ ၈ ဘီလျံ၊၊ လမ်းများအတွက် ၅၂ ဒသမ ၀၀၈ ဘီလျံ၊၊ မော်တော် ယာဉ်များ အတွက် ၀ ဒသမ ၃၃၀ ဘီလျံနှင့် အခြား ၀ ဒသမ ၁ ဘီလျံ သုံးစွဲမည် ဖြစ်ကြောင်း၊ ယခု ပြင်ဆင် ထိန်းသိမ်းမှုတွင် ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး ပြင်ဆင်ထိန်းသိမ်းခြင်း (ကွန်ကရိ ၃၆၆ ဒသမ ၃ မိုင်) လုပ်ငန်းကိုပါ ထည့်သွင်းလျာထားကြောင်း ၎င်းက ရှင်းပြခဲ့သည်။ထို့အတူ တံတားဦးစီးဌာနသည် စက်ကိရိယာ တန်ဆာပလာများအတွက် ကျပ် ၁ ဒသမ ၀၀၅ ဘီလျံ၊ အဆောက်အအုံအတွက် ၀ ဒသမ ၁၂ ဘီလျံ၊ တံတားများအတွက် ၁၄ ဒသမ ၄၈၇ ဘီလျံ သုံးစွဲသွား မည်ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ် မတ်လကုန်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ထိန်းသိမ်းခဲ့သည့် တံတားများအနေဖြင့် ပေ ၁၈၀ အထက် တံတားကြီး ၅၀၆ စင်း၊ ပေ ၁၈၀ အောက် တံတားအစင်း လေးသောင်း (၄၀,၀၀၀) ကျော်တို့ကို ပုံမှန်၊ အထူးနှင့် အရေးပေါ် ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများ ပါဝင်ကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.