Connect with us

Politics, Law & Military

လောက်ကိုင်နှင့် နှစ်နိုင်ငံနယ်စပ် ရန်လုံကျိုင်း လမ်းကြောင်းကို စိုးမိုးသည့် ပွိုင့်-၁၂၆၉ တောင်ကုန်းအား တပ်မတော်မှ သိမ်းပိုက် ရရှိကြောင်း သတင်းထုတ်ပြန်

ပွိုင့်-၁၂၆၉ တိုက်ပွဲ ဖြစ်စဉ် ဖြစ်ပွားသည့် နေရာပြ မြေပုံ(ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန် ၊ မတ် ၁၅ ရက်(ဆင်ဟွာ)

လောက်ကိုင်နှင့် နှစ်နိုင်ငံနယ်စပ် ရန်လုံကျိုင်း လမ်းကြောင်းကို စိုးမိုးသည့် ပွိုင့်-၁၂၆၉ တောင်ကုန်းအား တပ်မတော်မှ ယနေ့မတ် ၁၅ ရက်တွင် သိမ်းပိုက် ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

ထိုဖြစ်စဉ်တွင် ဖြစ်စဉ်တွင် ရန်သူ့ထံမှ အလောင်း ၃ လောင်းနှင့် အာရ်ပီဂျီ ၂ လက် အပါအဝင် လက်နက်မျိုးစုံ ၈ လက် သိမ်းဆည်းရရှိခဲ့ပြီး မိမိ အရာရှိ၊ စစ်သည်တချို့ ကျဆုံး/ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ ပွိုင့်-၁၂၆၉ တောင်ကုန်းအား သိမ်းပိုက်ရရှိမှုကြောင့် လောက်ကိုင်- ရန်လုံကျိုင်း လမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့ပြီး လောက်ကိုင် အရှေ့ခြမ်း နယ်မြေ အမြန်ဆုံး အေးချမ်း တည်ငြိမ်နိုင်ရေး အတွက် တပ်မတော်မှ ဆက်လက်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

၂၀၁၇ ခုနှစ်၊ မတ် ၆ ရက်မှစတင်၍ လောက်ကိုင်မြို့နှင့် နှစ်နိုင်ငံနယ်စပ်ကြားတွင် MNDAA ဝင်ရောက် နေရာ ယူထားသော ပွိုင့်-၁၂၆၉၊ ပွိုင့်-၁၀၈၈၊ ဘီပီ-၁၂၆ နှင့် ဘီပီ-၁၂၇ အနီးတစ်ဝိုက်တွင် တပ်မတော်စစ်ကြောင်းများက နယ်မြေအေးချမ်းတည်ငြိမ်ရေး ရှင်းလင်းဆောင်ရွက်လျက် ရှိရာ မတ် ၆ ရက်နေ့မှ ၁၄ ရက်နေ့အထိ တိုက်ပွဲ ကြီး/ငယ် ၅၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁၇ လောင်းနှင့် လက်နက် ၂၇ လက် သိမ်းဆည်း ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.