Connect with us

Africa & Middle East

အီသီယိုးပီးယား နိုင်ငံ တွင် ဖြစ်ပွားခဲ့သော အမှိုက်ပုံ ပြိုလဲမှုကြောင့် သေဆုံးသူ စုစုပေါင်း ၁၁၃ ဦးအထိ ရောက်ရှိလာ

အီသီယိုးပီးယား နိုင်ငံ တွင် ဖြစ်ပွားခဲ့သော အမှိုက်ပုံ ပြိုကျမှု တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

အဒစ်အဘာဘာ ၊ မတ် ၁၆ ရက် (ဆင်ဟွာ)

အီသီယိုးပီးယား နိုင်ငံ ၏ မြို့တော် အဒစ်အဘာဘာ တွင် ဖြစ်ပွားခဲ့သော အမှိုက်ပုံ ပြိုလဲမှုကြောင့် သေဆုံးခဲ့သူ စာရင်းသည် မတ်လ ၁၅ ရက်နေ့တွင် ၁၁၃ ဦးအထိ ရောက်ရှိလာခဲ့ပြီး လက်ရှိချိန်တွင် အီသီယိုးပီးယား နိုင်ငံ၌ ၃ ရက်ကြာ အမျိုးသား ဝမ်းနည်းခြင်း အထိမ်းအမှတ် ကာလ ပြုလုပ်နေကြောင်း သိရှိရသည်။

အဒစ်အဘာဘာ မြို့နယ် စီမံအုပ်ချုပ်ရေးဌာန ၏ သတင်းထုတ်ပြန်ရေးဆိုင်ရာ ဌာနမှူး က ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်သူများ က မတ်လ ၁၅ ရက်နေ့တွင် အမှိုက်ပုံ အတွင်းမှ ရုပ်အလောင်း ၄၁ ခု ကို ထပ်မံ ရှာတွေ့ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးခဲ့သူ စုစုပေါင်း ၁၁၃ ဦးအနက် အများစု မှာ အမျိုးသမီးများ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမှိုက်ပုံ ပြိုလဲမှု သည် မတ်လ ၁၁ ရက်နေ့ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြိုကျစဉ် တွင် ဆယ်နှင့်ချီသော နေအိမ်များကို ဖျက်ဆီးဖုံးလွှမ်းခဲ့ကာ ထိုစဉ်က နေအိမ်များအတွင်း လူများအနားယူနေကြကြောင်း သိရှိရသည်။

ယခုရက်ပိုင်းတွင် ကယ်ဆယ်ရေး သမားများအနေဖြင့် နေရောညပါ အဆက်မပြတ် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေကြပြီး တာဝန်ရှိသူ၏ ပြောကြားချက်အရ အမှိုက်ပုံ အနီးဝန်းကျင်တွင် လူများသွားလာမှုမှာ ရှုပ်ထွေးသောကြောင့် ပျောက်ဆုံးနေသူ စာရင်း ပြုစုရန် အတွက် အခက်အခဲ ရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေစဉ် အတွင်း သေဆုံးသူ စာရင်းမှာလည်း မြင့်တက် လာနိုင်ကြောင်း ပြောကြား ခဲ့သည်။

အခင်းဖြစ်ပွားခဲ့သည့် အမှိုက်ပုံသည် အဒစ်အဘာဘာ မြို့၏ အကြီးမားဆုံး သော အမှိုက်ပုံ ဖြစ်ပြီး မြေဧရိယာ အကျယ်အဝန်း ဟက်တာ ၃၀ ကျော်ရှိကာ အမြင့် ၃၀ မီတာ ခန့်ရှိသည်။ ၎င်းအမှိုက်ပုံ၏ အနီးတစ်ဝိုက် နှင့် အမှိုက်ပုံ အလယ်ပိုင်းတို့တွင် အချို့သော ပြည်သူ တို့မှ ယာယီတဲ များတည်ဆောက်ကာ နေထိုင်ခဲ့ကြသည်။ ယင်း အမှိုက်ပုံ တွင် အမှိုက်များစုပုံခြင်း အလွန်များပြားလာသောကြောင့် အခင်းမဖြစ်ပွားစဉ် ကပင် ဆက်လက် အသုံးပြုရန် ရပ်ဆိုင်းထားသော အမှိုက်ပုံ ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.