ပေကျင်း၊ မတ် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံသည် ဘက်ပေါင်းစုံ၌ ပွင့်လင်းမြင်သာမှုရှိသည့် မူဝါဒနှင့် အတူရှိနေမည်ဖြစ်ပြီး ဖြေလျှော့မှုများအား ဆက်လက်လုပ်ဆောင်သွားကာ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၅ ရက်ကပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိ မန္တလေးနန်းမြို့ရိုး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပြုပြင်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း နန့်ဟန်ကျေးရွာ၏အနောက်မြောက်ဘက် ၄ မိုင်ခန့်အကွာတွင် တရားမဝင်စုပုံထားသော ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၂၃၄၈ တုံး(ခန့်မှန်း ၄၅ . ၇၄ တန်ခန့်) (စုစုပေါင်းကာလတန်ဖိုးငွေကျပ် သိန်း ၃၆၀ကျော်)အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဘော်လီဘော အသင်းသည် (၂၉) ကြိမ်မြောက် မလေးရှား ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် ကစားသမား ၁၇ ဦးဖြင့် လေ့ကျင့်လျက် ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သည် မွေးရာပါ နှလုံးအဆို့ရှင်မလုံခြင်း နှင့် ဆိုင်သောသွေးကြောမကြီး ကြီးနေခြင်းအတွက် ၂၀၁၇ ခုနှစ် မတ်လ ၅ ရက် နံနက် ၇ နာရီ မှ စတင်၍ ရန်ကင်းကလေးဆေးရုံကြီး နှလုံးသွေးကြော...
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) မှ လာမည့် ဘောလုံးရာသီ ပညာသင်နှစ်တွင် ဖွင့်လှစ်သွားမည့် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)၊ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)နှင့် ပုသိမ် ဘောလုံး အကယ်ဒမီ သင်တန်းကျောင်း...
တိုကျို၊ မတ် ၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အလယ်ပိုင်း ရှိ နာဂါနိုစီရင်စု တွင် မတ်လ ၅ရက် မွန်းလွဲပိုင်းက လူ၉ဦး လိုက်ပါလာသည့် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း သိရသည်။
အန်ကာရာ၊ မတ် ၅ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ ကယ်ဆယ်ရေးအဖွဲ့များက ကိုးနာရီကြာ ရှာဖွေမှုများပြုလုပ်ပြီးနောက် ပျက်ကျခဲ့သည့် ဆီးရီးယားလေယာဉ်မှ လေယာဉ်မှူးအား ဒဏ်ရာများဖြင့် မတ်လ ၅ရက် နံနက်ပိုင်းတွင် တူရကီနိုင်ငံ တောင်ပိုင်း Hatay ပြည်နယ်၌ တွေ့ရှိခဲ့ကြောင်း ပြည်တွင်းသတင်းဋ္ဌာန Hurriyet က ဖော်ပြခဲ့သည်။
ပေကျင်း ၊ မတ် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ထိုင်ဝမ်လွတ်လပ်ရေးအတွက် ခွဲထွက်ရေးလှုပ်ရှားမှုများ ကို ကန့်ကွက်ရန် ဆုံးဖြတ်ထားကြောင်း ယနေ့(မတ်လ ၅ ရက်)တွင် ဝန်ကြီးချုပ်လီခဲ့ချန် ဖတ်ကြားတင်သွင်းသော တရုတ်အစိုးရ၏ နှစ်ပတ်လည် အစိုးရလုပ်ငန်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
အာဖဂန်နစ္စတန်၊ မတ် ၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Kunduz ပြည်နယ် ရှိ လုံခြုံရေးဂိတ်တစ်ခုအား တာလီဘန် စစ်သွေးကြွများ က မတ်လ ၅ ရက်တွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် ရဲတပ်ဖွဲ့ဝင် ၇ဦးသေဆုံးခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောကြားခဲ့သည်။