Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင် ၇ဦး အသတ်ခံရ

အာဖဂန်ပြည်တွင်းရဲတပ်ဖွဲ့ဝင်များ(ALP)အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အာဖဂန်နစ္စတန်၊ မတ် ၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Kunduz ပြည်နယ် ရှိ လုံခြုံရေးဂိတ်တစ်ခုအား တာလီဘန် စစ်သွေးကြွများ က မတ်လ ၅ ရက်တွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် ရဲတပ်ဖွဲ့ဝင် ၇ဦးသေဆုံးခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောကြားခဲ့သည်။

အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်က “မတ်လ ၅ရက် အစောပိုင်းက ပြည်နယ်မြို့တော် Kunduzမြို့ရဲ့ အစွန်အဖျားမှာရှိတဲ့ Zhakhel ဧရိယာက အာဖဂန်ပြည်တွင်းရဲတပ်ဖွဲ့ (ALP) ၏ စခန်းတစ်ခုကို တာလီဘန်တို့ လာရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများအတွင်း ALP အရာရှိတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။

အာဖဂန်အစိုးရက စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်အင်အား အကန့်အသတ်ဖြင့်သာ ရှိနေသည့် ခရိုင်များ နှင့် ရွာများ အား အကာအကွယ်ပေးရန် ၂၀၁၀ခုနှစ်တွင် ALP (သို့) ရဲအဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ဒေသခံတစ်ဦးက ယင်းတိုက်ခိုက်မှုအား တာလီဘန်တို့နှင့် ဆက်စပ်နေသည့် အတွင်းလူတစ်ဦးက ဦးဆောင်လမ်းပြခဲ့ခြင်းဖြစ်ပြီး ၎င်းသည် တိုက်ခိုက်မှုပြီးနောက် လက်နက်ခဲယမ်းများကို ယူဆောင်ကာ စစ်သွေးကြွများ နှင့် ပူးပေါင်းသွားခဲ့ကြောင်းပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်က အဆိုပါ ဖြစ်စဉ်ကို ပြည်နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး အသေးစိတ်အချက်အလက်ကို မတ်လ ၅ရက်နေ့ နှောင်းပိုင်းတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တောင်ပိုင်း Helmand ပြည်နယ်၌လည်း ဖေဖော်ဝါရီ ၂၇ ရက်က အတွင်းလူတစ်ဦး၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၂ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အာဖဂန်လုံခြုံရေးတပ်ဖွဲ့က အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်များထံမှ နိုင်ငံ၏လုံခြုံရေးတာဝန်ကို အပြည့်အဝ လွှဲပြောင်းယူပြီးခဲ့သည့် ၂၀၁၅ခုနှစ် အစပိုင်းမှ စ၍ တာလီဘန်စစ်သွေးကြွများ၏ အကြမ်းဖက်မှုများပိုမိုများပြားလာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.