Connect with us

Sport

မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဘော်လီဘော အသင်း ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရန်လေ့ကျင့်

အမျိုးသမီးဘောလီဘောအသင်းယှဉ်ပြိုင်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ)

မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဘော်လီဘော အသင်းသည် (၂၉) ကြိမ်မြောက် မလေးရှား ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် ကစားသမား ၁၇ ဦးဖြင့် လေ့ကျင့်လျက် ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဘော်လီဘော အသင်းသည် မလေးရှား ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် နည်းပြချုပ် အဖြစ် ဦးသိန်းဆွေက တာဝန်ယူ လေ့ကျင့် ပေးလျက်ရှိသည်။ မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဘော်လီဘော အသင်းသည် ပြီးခဲ့သည့် နှစ်ကတည်းက လေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး လက်ရှိတွင် နေပြည်တော်၌ စခန်းသွင်း လေ့ကျင့်လျက်ရှိသည်။

လက်ရှိ ဖွဲ့စည်းထားသည့် မြန်မာအမျိုးသမီး ဘော်လီဘော အသင်းတွင် ယခင် လက်ရွေးစင် ဟောင်းများ ပြန်လည် ပါဝင်လာပြီး လူသစ် ကစားသမား များကိုလည်း အားဖြည့် ရွေးချယ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.