Connect with us

Africa & Middle East

ပျက်ကျခဲ့သည့် ဆီးရီးယားလေယာဉ်မှ လေယာဉ်မှူးအား တူရကီတောင်ပိုင်းတွင် ရှာတွေ့

ပျက်ကျခဲ့သည့် ဆီးရီးယား တိုက်လေယာဉ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အန်ကာရာ၊ မတ် ၅ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ ကယ်ဆယ်ရေးအဖွဲ့များက ကိုးနာရီကြာ ရှာဖွေမှုများပြုလုပ်ပြီးနောက် ပျက်ကျခဲ့သည့် ဆီးရီးယားလေယာဉ်မှ လေယာဉ်မှူးအား ဒဏ်ရာများဖြင့် မတ်လ ၅ရက် နံနက်ပိုင်းတွင် တူရကီနိုင်ငံ တောင်ပိုင်း Hatay ပြည်နယ်၌ တွေ့ရှိခဲ့ကြောင်း ပြည်တွင်းသတင်းဋ္ဌာန Hurriyet က ဖော်ပြခဲ့သည်။

မတ်လ ၄ ရက်ညနေပိုင်းက ဆီးရီးယားနိုင်ငံမှ တိုက်လေယာဉ်တစ်စီး သည် ဆီးရီးယားနိုင်ငံနယ်စပ် မှ ၃၅ကီလိုမီတာအကွာ Antakya မြို့အလယ်ရှိ Yaylacikရွာ တွင် ပျက်ကျခဲ့ပြီး လေယာဉ်မှူးမှာခုန်ထွက် လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

တူရကီ စစ်တပ် နှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသည် လေယာဉ်ပျက်ရှိရာသို့ ရောက်ရှိခဲ့ကြသော်လည်း လေယာဉ်မှူးအခန်းတွင် လေယာဉ်မှူးအား တွေ့ရှိခဲ့ခြင်းမရှိကြောင်း Hatayပြည်နယ်အုပ်ချုပ်ရေးမှူး Erdal Ata ကပြောကြားခဲ့သည်။

မတ်လ ၅ရက်နေ့ အစောပိုင်းတွင် ဂျက်လေယာဉ်အပျက်အစီး အပိုင်းအစများမှ ၄၀ ကီလိုမီတာ အကွာတွင် မောပန်းနွမ်းနယ်နေသည့် လေယာဉ်မှူးအားတွေ့ရှိခဲ့ကြောင်း သိရသည်။

အမည်မသိသေးသည့် ဆီးရီးယားနိုင်ငံသား လေယာဉ်မှူးအား Hatayပြည်နယ်ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့ကြောင်း သတင်း၌ဖော်ပြခဲ့သည်။

ဆီးရီးယားအတိုက်အခံအုပ်စု ဖြစ်သည့် Ahrar al-Sham က ဆီးရီးယားအစိုးရပိုင် လေယာဉ်တစ်စီးအား မတ်လ ၄ ရက်က ပစ်ချခဲ့ကြောင်း ထုတ်ပြန်ချက်၌ ကြေညာခဲ့သည်။

အတိုက်အခံအုပ်စုက လေယာဉ်သည် ဆီးရီးယားနိုင်ငံမြောက်ပိုင်း ရှိ Idlib ပြည်နယ်အား တရားမဝင် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ယင်းသို့ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.