Connect with us

Politics, Law & Military

နှစ်ပတ်လည် အစိုးရ လုပ်ငန်း အစီရင်ခံစာတွင် ထိုင်ဝမ်လွတ်လပ်ရေးကို ကန့်ကွက်ထား

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် မိန့် ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မတ် ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ထိုင်ဝမ်လွတ်လပ်ရေးအတွက် ခွဲထွက်ရေးလှုပ်ရှားမှုများ ကို ကန့်ကွက်ရန် ဆုံးဖြတ်ထားကြောင်း ယနေ့(မတ်လ ၅ ရက်)တွင် ဝန်ကြီးချုပ်လီခဲ့ချန် ဖတ်ကြားတင်သွင်းသော တရုတ်အစိုးရ၏ နှစ်ပတ်လည် အစိုးရလုပ်ငန်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

“ တရုတ်နိုင်ငံပြည်မ ကနေ ထိုင်ဝမ်ကို ခွဲထုတ်ဖို့ကြိုးပမ်းတဲ့ ဘယ်လို နာမည် ဖြစ်စေ ၊ ဒါမှမဟုတ် ဘယ်လိုပုံစံဖြစ်စေ ဘယ်လိုလှုပ်ရှားမှုမျိုးကိုမဆို ဘယ်တော့မှ သီးခံမှာမဟုတ်ပါဘူး” ဟု တရုတ်နိုင်ငံ၏ ထိပ်တန်းကိုယ်စားလှယ်များတက်ရောက်ခဲ့သော နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲ မတိုင်ခင်က ထုတ်ပြန်သော အစီရင်ခံစာတွင် ရေးသားထားသည်။

တရုတ်နိုင်ငံသည် တရုတ်တစ်နိုင်တည်းမူဝါဒကို ချမှတ်ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း နှင့် ၁၉၉၂ ခုနှစ်က ချမှတ်ခဲ့သော ဘုံနိုင်ငံရေးအခြေခံမူကို ကာကွယ်သွားရမည်ဖြစ်ကြောင်း လီ ကဆိုသည်။

တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ နှင့် ပိုင်နက်နယ်မြေကို ကာကွယ်သွားရမည်ဖြစ်ကြောင်း ၊ ရေလက်ကြားနှစ်ဖက်ဆက်ဆံရေးကို ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း နှင့် ထိုင်ဝမ် ရေလက်ကြားဖြတ်၍ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ကာကွယ်သွားရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ အစီရင်ခံစာတွင် တရုတ် နှင့် ထိုင်ဝမ် အကြား လူမှုဖွံ့ဖြိုးတိုးတက်ရေး နှင့် စီးပွားရေး တိုးချဲ့ရန်ဆက်လက်ကြိုးပမ်းအားထုတ်သွားရန် ကတိပြုထားပြီး ထိုင်ဝမ်မှ လူငယ်လူရွယ်များ တရုတ်နိုင်ငံပြည်မ၌ အလုပ်လုပ်ခွင့် ၊ ပညာသင်ကြားခွင့် နှင့် နေထိုင်ခွင့်ကို ပိုမိုလွယ်ကူစေရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.