Connect with us

Social

နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိ မန္တလေးနန်းမြို့ရိုး ပြုပြင်ထိန်းသိမ်းဆောင်ရွက်

နန်းမြို့ရိုးအား ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ)

နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိ မန္တလေးနန်းမြို့ရိုး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပြုပြင်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

နန်းမြို့ရိုးပတ်လည်ရှိ ရေညှိများကို ပေါင်းသတ်ရှင်းလင်းခြင်း၊ ရေလုံဆေးအသုံးပြု၍ အနားသတ်ကြားသိပ်ခြင်း၊ မြို့ရိုးအုတ်နံရံတွင် ပျက်စီး၍ လစ်လပ်နေသောနေရာများကို ပြုပြင်ခြင်း၊ အက်ကွဲကျိုးပဲ့နေသော အုတ်များနှင့် ဆွေးမြည့်နေသောအုတ်များကို ဖယ်ရှားပြီး ရှေးဟောင်းအုတ်အရွယ်အစားအတိုင်း အစားထိုးပြုပြင်ခြင်း၊ ငလျင်ဒဏ်နှင့် မော်တော်ယာဉ်ကြီးများသွားလာမှုကြောင့် မြို့ရိုးကွဲအက် ပျက်စီးနေသည့်နေရာများကို ကာဗွန်ဖိုက်ဘာနည်းပညာ၊ Brick Stitching နည်းပညာများဖြင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်(မန္တလေး)က ကြီးကြပ်ကာ အုတ်အဆောက်အအုံထိန်းသိမ်းမှု ပညာရှင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.