Connect with us

Sport

ဘောလုံးအကယ်ဒမီကျောင်းများတွင် မြို့နယ်ပေါင်း (၅၂)မြို့နယ်မှ ကစားသမား (၂၀၀)ဦးရွေးချယ်သွားမည်

မြန်မာ ဘောလုံးအကယ်ဒမီ(ရန်ကုန်)အား ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ အပါအ၀င် တာဝန်ရှိသူအားက ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်(ဆင်ဟွာ)

ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) မှ လာမည့် ဘောလုံးရာသီ ပညာသင်နှစ်တွင် ဖွင့်လှစ်သွားမည့် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)၊ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)နှင့် ပုသိမ် ဘောလုံး အကယ်ဒမီ သင်တန်းကျောင်း များအတွက် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း (၅၂)မြို့နယ်မှ ပဏာမ ကစားသမား (၂၀၀)ဦးရွေးချယ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

ထိုကစားသမား ရွေးချယ်ခြင်း အစီအစဉ်အား AYA Bank Scouting Tour 2017 အမည်ဖြင့် ခရီးစဉ်များ ပြုလုပ်၍ ကွင်းဆင်း ရွေးချယ်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

AYA Bank Scouting Tour 2017 ကစားသမား ရွေးချယ်ခြင်း အစီအစဉ်အား ၂၀၁၇ ခုနှစ် မတ်လ (၁၄)ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ဧပြီလ (၁၀)ရက်နေ့တွင် ခရီးစဉ်များ ပြီးဆုံးမည်ဖြစ်သည်။ ခရီးစဉ်များတွင် နိုင်ငံတဝန်းရှိ မြို့ပေါင်း (၅၂)မြို့သို့ ရွေးချယ်ရေး အဖွဲ့ (၄) ဖွဲ့ ခွဲကာစေလွှတ် ရွေးချယ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.