ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းလွှတ်တော် (အစိုးရအဖွဲ့ရုံး)၊ အောက်ထပ် လဝကရုံး အနီးတွင် လွန်ခဲ့သော နာရီပိုင်းက ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ သက်ဆိုင်ရာမှ တာရားခံရှာဖွေနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို အတည်ပြုပြောကြားသည်။
မနီလာ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရိုင်ဖယ်သေနတ် တစ်လက်ဝယ်ယူလျှင် တစ်လက် အခမဲ့ ရရှိနိုင်မည်ဟူသော ရုရှားနိုင်ငံမှ ကမ်းလှမ်းမှုအား ရရှိခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးက နိုဝင်ဘာလ ၂၄ ရက်၌ ပြောကြားခဲ့သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) နိုင်ငံတကာနှင့် EU ဈေးကွက်သို့ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ရေ သတ္တဝါ မွေးမြူရေး လုပ်ငန်း၊ ရေထွက် ပစ္စည်းများအား တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်၍ အဆင့်အတန်း မီတင်ပို့ ရောင်းချနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊...
မော်စကို၊ နိုဝင်ဘာ ၂၅ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက အစ္စရေးနိုင်ငံတွင် လောင်ကျွမ်းနေသည့် တောမီးအား ငြှိမ်းသတ်ရာ၌ အကူအညီပေးရန် မီးသတ်လေယာဉ် နှစ်စီးစေလွှတ်ပေးခဲ့ကြောင်း ရုရှားနိုင်ငံ အရေးပေါ်အခြေအနေများဆိုင်ရာ ဝန်ကြီးဋ္ဌာနက နိုဝင်ဘာ ၂၅ရက်တွင်ပြောကြားခဲ့သည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ နိုင်ငံတော် အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့်နှင့် လုပ်ငန်းများအား နိုင်ငံတကာ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးများ၏ ဒီမိုကရေစီ စံနှုန်းများနှင့် နှိုင်းယှဉ် လေ့လာသည့် အလုပ်ရုံဆွေးနွေးပွဲကို နေပြည် တော်၊ ဒက္ခိဏ သီရိ မြို့နယ်ရှိ Kempinski...
ပေကျင်း၊ နိုဝင်ဘာ ၂၅ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တော် အုပ်ချုပ်ရေးဆိုင်ရာစင်တာသစ် တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ရှေးဟောင်းအုတ်ဂူပေါင်း ၁,၀၉၂ခု အား တူးဖော်တွေ့ရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက နိုဝင်ဘာ ၂၄ရက်တွင် ပြောကြားခဲ့သည်။
ဘဂ္ဂဒတ်၊ နိုဝင်ဘာ ၂၅ရက် (ဆင်ဟွာ) အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒတ်မြို့ တောင်ပိုင်း Babil ပြည်နယ် ရှိ ဓါတ်ဆီဆိုင်တစ်ခုတွင် နိုဝင်ဘာ ၂၄ရက်က ဆီတင်ကာတစ်စီးအား အသေခံဗုံးဖောက်ခွဲခဲ့၍ လူ ၈၀ဦးကျော်သေဆုံးပြီး အခြား ၃၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ကျပ်သိန်း ၁၃၀၀ ကျပ်ခန့်တန်ဖိုးရှိ WYစာတမ်းပါ စိတ်ကြွဆေးပြား ၆၅၀၀၀ခန့် ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့ ကညင်ချောင်းဝမှ တပ်ချောင်းဘက်သို့ တိုက်ကင်းလှည့်စဉ် မသင်္ကာဖွယ်ရာလှေ ၁ စီးနှင့် လူ...
ဆိုဖီယာ၊ နိုဝင်ဘာ ၂၅ရက် (ဆင်ဟွာ) တူရကီနိုင်ငံ နယ်စပ်နှင့် ထိစပ်လျက်ရှိသော ဘူလ်ဂေးရီးယားနိုင်ငံ ရှိ ဟာမန်လီမြို့ ၏ မှတ်ပုံတင်နှင့် ဧည့်ခံရေးစင်တာ တွင် နိုဝင်ဘာ ၂၄ရက်က နိုင်ငံပိုင် ပစ္စည်းများအားအကြောင်းမဲ့ ဖျက်ဆီးမှုဖြင့် ရွှေ့ပြောင်း ဒုက္ခသည် ၄၀ကျော်အား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နီကိုရှား ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ၌ အရှိန်ပြင်းစွာဖြင့် နိုဝင်ဘာလ ၂၁ ရက်က စတင် လောင်ကျွမ်းခဲ့သော တောမီးမုန်တိုင်းကို ကူညီငြှိမ်းသတ်ပေးရန် အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂျမင်နက်တန်ယာဟု ၏ တောင်းဆိုချက်ကို ဆိုက်ပရက်စ်နိုင်ငံက လက်ခံခဲ့ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာလ ၂၄ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။