Connect with us

Africa & Middle East

အီရတ်တွင် အသေခံဗုံးခွဲမှုကြောင့် ၈၀ဦးသေ

အသေခံဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဓါတ်ဆီဆိုင်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ/Reuters)

ဘဂ္ဂဒတ်၊ နိုဝင်ဘာ ၂၅ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒတ်မြို့ တောင်ပိုင်း Babil ပြည်နယ် ရှိ ဓါတ်ဆီဆိုင်တစ်ခုတွင် နိုဝင်ဘာ ၂၄ရက်က ဆီတင်ကာတစ်စီးအား အသေခံဗုံးဖောက်ခွဲခဲ့၍ လူ ၈၀ဦးကျော်သေဆုံးပြီး အခြား ၃၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဘဂ္ဂဒတ်မြို့တောင်ဘက် ၁၀၀ကီလိုမီတာအကွာ၊ Babil ပြည်နယ် မြို့တော် Hillahမြို့ အရှေ့ဘက် Shomali မြို့ရှိ ဓါတ်ဆီဆိုင်တစ်ခုတွင် နိုဝင်ဘာ ၂၄ရက် နေ့လည်ပိုင်းက အသေခံဗုံးခွဲသမားတစ်ဦးသည် ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသော ဆီတင်ကားအား ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဗုံးပေါက်ကွဲမှုကြီးကြောင့် ရှီယိုက်ဘုရားဖူးများ တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီး နှင့် ဓါတ်ဆီဆိုင်အနီးရှိ မော်တော်ယာဉ်များ ပျက်စီးခဲ့ပြီး သေဆုံးသူအများစုသည် အီရန်နိုင်ငံသားများ နှင့် ပါကစ္စတန်နိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။

အဆိုပါနေ့အစောပိုင်းတွင် ရဲတပ်ဖွဲ့က ဗုံးပေါက်ကွဲမှုကြောင့် ၁၀ဦးသေဆုံးပြီး ၁၅ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ယင်းအသေခံဗုံးဖောက်ခွဲမှုအား ရှီယိုက်မူစလင်များ နှင့် လူစည်ကားရာဒေသများကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသည့် IS စစ်သွေးကြွအုပ်စုက ပြုလုပ်နိုင်ခြေရှိကြောင်း သိရသည်။အကြမ်းဖက်မှုများ၊ ပဋိပက္ခများ နှင့် လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် အီရတ်နိုင်ငံ တစ်ဝန်း အောက်တိုဘာလအတွင်း အီရတ်နိုင်ငံသား ၁,၇၉၂ဦးသေဆုံးခဲ့ပြီး ၁,၃၅၈ဦးဒဏ်ရာရရှိခဲ့ကြောင်း အီရတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထောက်အပံ့ပေးရေးအဖွဲ့ကပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117