Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်၊ သက်ဆိုင်ရာမှတရားခံရှာဖွေလျက်ရှိ


ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းလွှတ်တော် (အစိုးရအဖွဲ့ရုံး)၊ အောက်ထပ် လဝကရုံး အနီးတွင် လွန်ခဲ့သော နာရီပိုင်းက ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ သက်ဆိုင်ရာမှ တာရားခံရှာဖွေနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို အတည်ပြုပြောကြားသည်။

ယင်းပေါက်ကွဲမှုများသည် Ocean၊ Capital နှင့် တောင်ဒဂုံလဝကရုံးတို့တွင် ပေါက်ကွဲခဲ့မှုနှင့် ဆက်စပ်နိုင်ကြောင်း၊မပေါက်ကွဲသေးသည့် ပုလင်းဗုံးတစ်လုံး ကျန်ရှိနေသည်ကို တပ်မတော် မိုင်းရှင်းလင်းရေးအဖွဲ့မှ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ သက်ဆိုင်ရာမှလုံခြုံရေးကင်မရာများပြန်လည်စိစစ်ပြီးတရားခံရှာဖွေနေပြီဖြစ်ကြောင်း ၊ဒဏ်ရာရရှိသူမရှိကြောင်း အဆိုပါ တာဝန်ရှိသူကဆိုသည်။

အသေးစား ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့ မြင်ကွင်း (ဆင်ဟွာ)

အသေးစား ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့ မြင်ကွင်း (ဆင်ဟွာ)

အသေးစား ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့ မြင်ကွင်း (ဆင်ဟွာ)

အသေးစား ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့ မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက “တိုင်းရုံးတစ်ခုလုံးကိုစစ်ဆေးနေပါတယ်။ ဘာပေါက်လဲစစ်ဆေးနေပါတယ်။ဘာအမျိုးအစားလဲစစ်ဆေးနေပါတယ်’’ ဟုပြောသည်။

ယခုရက်ပိုင်းတွင် အလုံလမ်းနှင့် ပြည်လမ်းထောင့် ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအပါအဝင် မရမ်းကုန်း ၊ကိုးမိုင် Ocean၊ဒေါပုံမြို့နယ်ရှိ capital hypermarket ဈေးဝယ်စင်တာ ၊တောင်ဒဂုံမြို့နယ်၊ ၆၄ရပ်ကွက် ပြည်ထောင်စုလမ်းမဘေး၊ လ.ဝ.က ရုံးတွင် အသေးစားပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.