ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် ရူပီး (၅၀၀) တန် နှင့် (၁၀၀၀) တန်ငွေစက္ကူများအား တရားမဝင်ငွေကြေးအဖြစ်ကြေညာခြင်း နှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိကုန်သည်များ ၊ နှစ်နိုင်ငံနယ်စပ်တွင် ရောင်းဝယ်ဖောက်ကားမှုပြုလုပ်နေသည့် ကုန်သည်များ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများအနေဖြင့် အိန္ဒိယနိုင်ငံ၏ ငွေကြေး အခြေအနေကိုသိရှိထားနိုင်ရန် အတွက်နိုင်ငံခြားရေး...
ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန(ယဉ်ကျေးမှု)သို့ LED Display Board များ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နိုဝင်ဘာ ၁၁ ရက်တွင် အမျိုးသား ဇတ်ရုံ(ရန်ကုန်)၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ၂၀၁၆ ခုနှစ် အောက်တိုဘာလ အတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွှေမန်းသူယာဉ်လိုင်းမှ ဦးမျိုးသန့် (ယာဉ်မောင်း)နှင့် ဦးမောင်မောင် (ယာဉ်အကူ)တို့အား ရွေးချယ် ဂုဏ်ပြုခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။
လီမား၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ပီရူးနိုင်ငံတွင် လာမည့် သီတင်းပတ်အတွင်း ၂၄ ကြိမ်မြောက် အေပက် (APEC) စီးပွားရေး ခေါင်းဆောင်များ တွေ့ဆုံပွဲ ရက်သတ္တပတ်အား သီးသန့်နှင့် အများဆိုင်ရာပွဲပေါင်း ၁၅၀ ခန့်ဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း Lima Convention and Visitors...
ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို အတည်ပြုနိုင်ခဲ့ပြီးဖြစ်သဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် အချိန်ကောင်းဖြစ်ကြောင်း ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၏ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးသန့်က ပြောကြားသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ကျင်းပမည့် အာဆီယံ အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အာရှ အသက်(၁၉)နှစ်အောက် ခြေစစ်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၁၈ လက်ရွေးစင်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် အတွက် မြန်မာနေရှင် နယ်လိဂ် လူငယ်လိဂ်ပြိုင်ပွဲများမှ...
ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဆင်သေချောင်းနှင့် ငလိုက်ချောင်းပေါင်းဆုံစီးဆင်းသည့် ညောင်ပင်ကြီးကျေးရွာ နေအိမ်များ အတွင်း ရေဝင်ရောက်သဖြင့် စပါးခင်းနှင့်ယာမြေများရေနစ်မြုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
မနီလာ၊ နိုဝင်ဘာ ၁၁ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Basilan ပြည်နယ်ကမ်းရိုးတန်းအလွန် တွင် နိုင်ငံခြား သင်္ဘောတစ်စီး မှ ဗီယက်နမ်လူမျိုး သင်္ဘောသား ငါးဦးအား အနည်းဆုံး သေနတ်သမား ၁၀ဦးက နိုဝင်ဘာ ၁၁ရက်တွင် ပြန်ပေးဆွဲခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၁၁ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဘားရတ် အိုဘားမား က ၎င်းနှင့် ရွေးကောက်ခံ သမ္မတသစ် ဒေါ်နယ် ထရမ့်တို့သည် ရွေးကောက်ပွဲအပြီး အိမ်ဖြူတော်၌ ပထမဆုံး တွေ့ဆုံခဲ့ရာ၌ နယ်ပယ်ကဏ္ဍပေါင်းစုံ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း နိုဝင်ဘာ ၁၀ ရက်ကပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများကြား ကုန်သွယ်မှု ပိုမိုတိုးမြှင့်နိုင်ရန် နယ်စပ်ဂိတ်များအားလုံးကို ၂၀၁၈ ခုနှစ်၌ အာဆီယံအဆင့် ကုန်သွယ်ရေးဇုန်များ ဖြစ်လာစေရန် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။