Connect with us

Local

ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို အတည်ပြုပြီးသဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် အချိန်ကောင်းဟုဆို

ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် တရုတ်နိုင်ငံ Chairman of Council for Promoting South-South Cooperation (CPSSC) တို့အကြား စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို အတည်ပြုနိုင်ခဲ့ပြီးဖြစ်သဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် အချိန်ကောင်းဖြစ်ကြောင်း ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၏ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးသန့်က ပြောကြားသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် အတည်ပြုပြီးဖြစ်သဖြင့် မြန်မာနိုင်ငံနှင့် အခြားနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လျှင် အကျိုးကျေးဇူးများစွာရရှိနိုင်မည်ဖြစ်ပြီး လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ကြောင်း ၎င်းက ဆိုသည်။ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)အနေနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းများကို ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နံှမှုအတွက် အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးသန့်က ပြောသည်။ယနေ့ ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် တရုတ်နိုင်ငံ Chairman of Council for Promoting South-South Cooperation (CPSSC) တို့အကြား စီးပွားရေးဆိုင်ရာဆွေးနွေးပွဲသို့ လာရောက်သော ကိုယ်စားလှယ်အဖွဲ့သည် ကုမ္ပဏီပေါင်း ၂၀ကျော်ပါဝင်ပြီး မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်ကြီးများလည်း တက်ရောက် ဆွေးနွေးကြသည်။

မြန်မာနိုင်ငံရှိ အခြေခံအအောက်အဦ ဖွံ့ဖြိုးရေးကဏ္ဍများ၌ တရုတ်လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုများရှိကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ CPSSC ၏ ဥက္ကဌဖြစ်သူ Mr-Lyu Xinhuaက ပြောကြားသည်။“ဒီကဏ္ဍက မြန်မာနိုင်ငံရဲ့ အရေးကြီးဆုံးကဏ္ဍ တစ်ခုလဲ ဖြစ်ပါတယ်။တခြားနိုင်ငံ ကုမ္ပဏီတွေနဲ့ နှိုင်းယှဉ်တာမဟုတ်ပါဘူး။ တရုတ် ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ အကောင်းဆုံး စက်ကိရိယာတွေနဲ့ နည်းပညာရှိပါတယ်။ လျင်မြန်စွာလဲ ဆောင်ရွက်ပေးနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။အဆိုပါ ဆွေးနွေးပွဲမှ မြန်မာနိုင်ငံ၏ သတင်းအချက်အလက်များကို စုဆောင်းကာ CPSSCအသင်းချုပ် အဖွဲ့ဝင်လုပ်ငန်းရှင်များသို့ ပြန်လည်မျှဝေမည်ဖြစ်သည်။

“ကျွန်တော်တို့ organization အနေနဲ့ တရုတ်လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ပိုမို ရင်းနှီးမြုပ်နှံနိုင်အောင် အားပေးနိုင်ဖို့ ဆန္ဒရှိပါတယ်”၎င်းကဆိုသည်။မြန်မာနိုင်ငံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အဆင့်မြင့် စက်မှုလုပ်ငန်း၊ စက်ရုံအလုပ်ရုံများ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ဖွယ်ရှိကြောင်း ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၏ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆွေက ပြောကြားသည်။တရုတ်နိုင်ငံအနေဖြင့် ယခင် လုပ်ငန်းသေးသော စိုက်ပျိုးရေးလုပ်ငန်းများပေါ် ရင်းနှီးမြှုပ်နှံမှုထက် အဆင့်မြင့် စက်မှုလုပ်ငန်း၊ စက်ရုံအလုပ်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ဖွယ်ရှိကြောင်း ယူဆရပြီး ဈေးကွက်ကြီးက ယှဉ်ပြိုင်နိုင်အောင်ဖွင့်ပေးလိုက်သောကြောင့် ယှဉ်ပြိုင်နိုင်သော ကုမ္ပဏီများ ဝင်လာနိုင်ကြောင်း ယူဆကြောင်း ၎င်းက ဆိုသည်။

“ ဒီမစ်ရှင်က အလွန်ထူးခြားတယ်၊ ဒီပွဲကို သံအမတ်ကြီး အငြိမ်းစားတွေအများကြီး လာတယ်၊ အစိုးရကို ကိုယ်စားပြုတဲ့လူတွေပါတယ်၊ သူတို့ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ၊စီးပွားရေးအခြေအနေကို လာရောက် လေ့လာတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်”ဟု ၎င်းက ပြောသည်။ယနေ့ ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် တရုတ်နိုင်ငံ Chairman of Council for Promoting South-South Cooperation (CPSSC) တို့အကြား စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ၌ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုများ ဖွင့်ပေးနေပြီဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများလာလျှင် တာဝန်ယူနိုင်သော ကုမ္ပဏီများလာပေးရန်၊ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင် မထိခိုက်ရန်၊ လူမျိုးမထိခိုက်ရန်နှင့် လုပ်သားဈေးကွက်ကို အထောက် အကူပြုပေးနိုင်သော ရင်းနှီးမြှုပ်နှံမှုများအား စဉ်းစားပြီး ရင်းနှီးမြှုပ်နှံမှုများ လာခဲ့ပေးရန် ယနေ့ ဆွေးနွေးပွဲ၌ မြန်မာလုပ်ငန်းရှင်များဘက်က ပြောကြားခဲ့ကြောင်း အမှုဆောင် အရာရှိချုပ် ဦးတင့်ဆွေက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.