Connect with us

Local

အိန္ဒိယနိုင်ငံ၏ ငွေစက္ကူအချို့တရားမဝင်ငွေကြေးအဖြစ် ကြေညာမှုအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာကုန်သည်များသိရှိရန်ထုတ်ပြန်

အိန္ဒိယနိုင်ငံ ကာရာလာပြည်နယ်ရှိ ဘဏ်တစ်ခု၏ငွေလဲကောင်တာတွင် ငွေလှဲရန်စောင့်စားနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် ရူပီး (၅၀၀) တန် နှင့် (၁၀၀၀) တန်ငွေစက္ကူများအား တရားမဝင်ငွေကြေးအဖြစ်ကြေညာခြင်း နှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိကုန်သည်များ ၊ နှစ်နိုင်ငံနယ်စပ်တွင် ရောင်းဝယ်ဖောက်ကားမှုပြုလုပ်နေသည့် ကုန်သည်များ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများအနေဖြင့် အိန္ဒိယနိုင်ငံ၏ ငွေကြေး အခြေအနေကိုသိရှိထားနိုင်ရန် အတွက်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

၈-၁၁-၂၀၁၆ ရက်နေ့ ညသန်းခေါင်မှစတင်ပြီး လက်ရှိအသုံးပြုနေသည့် ရူပီး (၅၀၀) တန် နှင့် (၁၀၀၀) တန်ငွေစက္ကူများအား တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ကြောင်း ၊ အပ်ငွေများအဖြစ်အပ်နှံနိုင်ကြောင်းကို အိန္ဒိယနိုင်ငံ အစိုးရမှကြေညာခဲ့ကြောင်းသိရသည်။ငွေမဲအဖြစ်သတ်မှတ်လိုက်သည့် ငွေစက္ကူများကို ၁၀-၁၁-၂၀၁၆ ရက်နေ့မှ ၃၀-၁၂-၂၀၁၆ ရက်နေ့အထိ ဘဏ်များနှင့် စာတိုက်များတွင် အပ်ငွေများအဖြစ် အပ်နှံနိုင်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ရက်အတွင်း အပ်နှံနိုင်ခြင်းမရှိပါက ခိုင်လုံသောအထောက်အထားနှင့်အတူ အိန္ဒိယဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ဘဏ်များတွင် ၃၁-၃-၂၀၁၇ အထိ အပ်နှံခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

ငွေမဲအဖြစ်သတ်မှတ်လိုက်သည့် ငွေစက္ကူများကို ၁၀-၁၁-၂၀၁၆ ရက်နေ့မှ ၂၄-၁၁-၂၀၁၆ ရက်နေ့အထိ သတ်မှတ်ထားသည့်ဘဏ်များ (သို့မဟုတ်) စာတိုက်များတွင် ငွေစက္ကူအသေးများဖြင့် လဲလှယ်နိုင်ကြောင်း ၊ တစ်ရက်လျှင် အများဆုံး ရူပီး (၄၀၀၀)သာ လဲလှယ်နိုင်ကြောင်း ၊ လဲလှယ်ရန်အတွက် အစိုးရမှ ထုတ်ပေးထားသည့် မှတ်ပုံတင်ကဒ်အပါအဝင် အထောက်အထားတစ်ခုခုပြရန်လိုကြောင်းသိရှိရသည်။ငွေသားအသုံးမပြုဘဲ ချက်လက်မှတ်၊ credit / debit card အပါအဝင် DD Form များဖြင့် ငွေလွှဲပြောင်းခြင်း ၊ ဝယ်ယူခြင်းများကိုမူ ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ကြောင်းသိရှိရသည်။အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် ငွေမည်းများ၊ ငွေတုများနှင့် လာဘ်ပေးလာဘ်ယူမှုများကို တိုက်ဖျက်ရန်အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.