Connect with us

Sport

မြန်မာ ယူ-၁၈ အသင်းသို့ ကစားသမား (၃၄)ဦး ထပ်မံဖြည့်စွက် ရွေးချယ်မည်

မြန်မာ ယူ-၁၈ အသင်းသို့ ကစားသမားများလေ့ကျင့်နေကြစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ကျင်းပမည့် အာဆီယံ အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အာရှ အသက်(၁၉)နှစ်အောက် ခြေစစ်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၁၈ လက်ရွေးစင်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် အတွက် မြန်မာနေရှင် နယ်လိဂ် လူငယ်လိဂ်ပြိုင်ပွဲများမှ ခြေစွမ်းထက် ကစားသမား (၃၄)ဦးကို ထပ်မံရွေးချယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

အဆိုပါ ကစားသမားသစ်များကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က အာဆီယံ အသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၁၆ အသင်းမှ ကစားသမားများနှင့် ပူးပေါင်းကာ အသင်းနှစ်သင်း ဖွဲ့စည်းသွားမည် ဖြစ်ပြီး စဉ်ဆက်မပြတ် ပြိုင်ပွဲ အတွေ့အကြုံ ရရှိစေရန်အတွက် ၂၀၁၇ခုနှစ် MNL-2 နှင့် MNL Youth U20 ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင် စေမည် ဖြစ်သည်။

ထိုကဲ့သို့ ပြည်တွင်းလိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် သကဲ့သို့ပင် နှစ်သင်းစလုံးမှ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်သည့် ကစားသမား များကို ရွေးချယ်ကာ အခါ အားလျော်စွာ ပြည်ပ လေ့ကျင့်ရေး ခရီးစဉ်များ စေလွှတ်ခြင်း၊ နိုင်ငံတကာ ခြေစမ်းပွဲများ ကစားစေခြင်းဖြင့် ပြင်ဆင် မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် ယခုထပ်မံ ရွေးချယ်သည့် ကစားသမား များကို ပြီးခဲ့သည့်နှစ် MNL Youth ပြိုင်ပွဲများတွင် ခြေစွမ်းပြ ကစားခဲ့ကြသည့် လူငယ်ကစားသမား (၈၀)ကျော်အား (၄)ရက်ကြာ ခြေစွမ်း စမ်းသပ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်း အနေဖြင့် လာမည့်နှစ် နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိစေရန် အတွက် အချိန်ကာလ အားဖြင့် (၉)လကျော်ကြာ စနစ်တကျ လေ့ကျင့်ပြင်ဆင် သွားမည် ဖြစ်ရာ ကစားသမား များအား ကလပ်အသင်းများ ဘက်မှ စေလွှတ်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ ကစားသမားများ အနေဖြင့် လာမည့် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ (၆)နာရီ အချိန်တွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သို့ ရောက်ရှိ သတင်းပို့ ရမည် ဖြစ်သည်။

ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၈ ဘောလုံးအသင်းအတွက် ထပ်မံဖြည့်စွက်ရွေးချယ်ထားသော ကစားသမားများ စာရင်းမှာ ဂိုးသမား များမှာ သူရကျော် (ရန်ကုန်ယူနိုက်တက်)၊ ထွန်းနန္ဒာဦး (မြဝတီ)၊ ဇင်ညီညီအောင် (အားကာသိပ္ပံ – ခ)တို့ဖြစ်သည်။

နောက်တန်း မှာ စိုးမိုးကျော် (အားကာသိပ္ပံ – က)၊ ထက်မျိုးအောင်၊ နေမျိုးထွန်း (အားကာသိပ္ပံ – ခ)၊ ဟိန်းထက်စည်သူ (မကွေး)၊ ဇင်မင်းထက်၊ ဟိန်းဇေယျာလင်း (မြဝတီ)၊ နေလကိုကို၊ နိုင်ကိုကို (ရန်ကုန်ယူနိုက်တက်)၊ စည်သူအောင် (နေပြည်တော်)တို့ဖြစ်ကြသည်။

အလယ်တန်း အနေဖြင့် ကျော်ဇေယျာလင်း၊ လွင်မိုးအောင်၊ နန်းထိုက်ဇော်၊ ဝေလင်းအောင်၊ သန့်ဇင်မြင့် (အားကာသိပ္ပံ – က)၊ စည်သူမျိုးမင်း၊ ဗညားသိန်း (အားကာသိပ္ပံ – ခ)၊ ဝဏ္ဏထွန်း (မကွေး)၊ ရှိုင်းဝဏ္ဏအောင် (မြဝတီ)၊ ရဲထက်နိုင် (ရခိုင်ယူနိုက်တက်)၊ ဇော်မင်းထွဋ် (ရန်ကုန် ယူနိုက်တက်)၊ ဈာနေယျသူ၊ ချမ်းသာ၊ ဇော်ထက်အောင် (ရှမ်းယူနိုက်တက်)၊ ထက်လင်းလင်း၊ လွင်မျိုး (ဟံသာဝတီ ယူနိုက်တက်)၊ ဖြိုးသက်ဦး (နေပြည်တော်) တို့ဖြစ်ပြီး၊ ရှေ့တန်း ကစားရန် ရွေးချယ်ထားသူများသည် ခင်ကျော်ဝင်း (အားကာသိပ္ပံ – က)၊ သာထက်ဇော် (ငွေကြယ်ပွင့်လေးများ)၊ ရန်ပိုင်လင်းထက် (ဇွဲကပင် ယူနိုက်တက်)၊ သန်းကျော်ဌေး (ရခိုင် ယူနိုက်တက်)၊ လွင်ထူးအောင် (ရတနာပုံ) တို့အားရွေးချယ်ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ယူ-၁၆ အသင်းမှ ယူ-၁၈ အသင်းသို့ ဆက်လက် ပါဝင်လာမည့် ကစားသမားများမှာ ဂိုး – ထက်ဝေလျှံစိုး၊ အောင်မြင့်မြတ်၊ ခေါင်ဘုန်းကျော်၊ ဟန်နိုင်စိုး တို့ဖြစ်ပြီး၊ နောက်တန်းကစားသမားများမှာ ကျော်ဖြိုးဝေ၊ ပြည့်ဖြိုးမောင်၊ ဇွဲခန့်မင်း၊ ဘိုဘိုအောင်၊ ဒွေးကိုကို၊ သူရစံ၊ အောင်ဝဏ္ဏစိုး၊ မင်းမြတ်သူ၊ သက်ပိုင်ထွေး၊ စည်သူမိုးခန့်၊ အောင်အောင်ဇင်တို့ ဖြစ်ကြသည်။ အလယ်တန်းအနေဖြင့် ထက်ဖြိုးဝေ၊ ရဲဝင်းထွန်း၊ မြတ်ကောင်းခန့်၊ ပြည့်စုံနိုင်၊ သက်ပိုင်ထူး၊ ဝေယံဦး၊ ဘုန်းနန္ဒ တို့အားရွေးချယ်ခဲ့ပြီး ရှေ့တန်းအနေဖြင့် ဟိန်းထက်အောင်၊ ရဲရင့်အောင်၊ ဝင်းနိုင်ထွန်းတို့အား ရွေးချယ်ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.